၁၃၆၁-၁၃၆၂

205 19 0
                                    

စာစဥ် ၇၀ : အပိုင်း ၁၁

အပိုင်း ၁၃၆၁ : ချစ်ခြင်းက အမြဲတမ်း ရှိနေမှာပါ

ကောင်းကင်ဘုံကျောင်း၏ ခန်းမတစ်ခု အတွင်းတွင် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး ကျင့်ကြံသူ တစ်ယောက် ရှိနေသည်။ သူမ၏ အရှေ့တွင် အလင်းတန်း ပုံရိပ်များ လင်းလက်လျက် ရှိနေပြီး ဘဝ၏ သိမ်မွေ့ နက်နဲမှုများကို ဖော်ပြနေခဲ့သည်။

သူမ၏ အောက်တွင် လူငယ် တပည့်များစွာ ညီညာစွာ ထိုင်နေကြပြီး အားလုံးတို့သည် သူမ ပြောနေသည်ကို စူးစိုက်စွာ နားထောင်နေကြသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ဆက်ခံသူ တပည့်တစ်ယောက် ဖြစ်လာပါက သူတို့၏ ကိုယ်ပိုင်ဆရာ တစ်ယောက်ကို ရရှိမည် ဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ ဆရာနောက်သို့ လိုက်ကာ သင်ယူ ကျင့်ကြံရမည် ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် သူတို့ အခြေခံတပည့်များ ဖြစ်ခဲ့စဥ်က ယွင်တောင်ထိပ်၏ မဟာခန်းမဆောင်တွင် သင်ယူခဲ့ရသကဲ့သို့ စုဝေး၍ သင်ခန်းစာ

များကို နားထောင်ရသည့် အချိန်လည်း ရှိနေသေးသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ စီနီယာများတွင် ကိုယ်ပိုင် စွမ်းအားများ ရှိနေပြီး လူငယ်တပည့်များ အားလုံး လေ့လာရမည့် သဘောတရားများ ရှိနေသောကြောင့် ဖြစ်သည်။

သူတို့သည် ထိုအရာများကို အပြည့်အဝ တတ်မြောက်ရန် လိုအပ်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ ကြားဖူးနားဝ ရှိရပေမည်။ တိကျသော အချိန်ဇယားများ မရှိသော်လည်း စီနီယာ ကျင့်ကြံသူများသည် သူတို့၏ သင်ခန်းစာများကို အချိန်အားလျှော်စွာ ပို့ချလေ့ ရှိကြသည်။

ထိုအချိန်တွင် တံခါးပိတ်၍ ကျင့်ကြံနေသော သို့မဟုတ် ပြင်ပကမ္ဘာသို့ သွားရောက်လေ့ကျင့်နေကြသော တပည့်များမှ လွဲ၍ ကျန်တပည့်များသည် လာရောက် နားထောင်ရပြီး နောက်ပိုင်းတွင် သင်ပြပေးခဲ့သော စီနီယာများက ပြန်လည် ဆန်းစစ်ကြမည် ဖြစ်သည်။

"ဒီကနေ့တော့ ဒီလောက်ပဲ… မင်းတို့ ပြန်သွားတဲ့ အချိန်မှာ ပြန်လည်ပြီးမှ စဥ်းစားကြပါ… ငါသင်ခန်းစာ နောက်တစ်ခေါက် ပို့ချတဲ့ အချိန်ကျရင် မင်းတို့အားလုံးကို မေးခွန်းတွေ ပြန်မေးမယ်… ဒါက သိပ်ခက်ခဲမှာ မဟုတ်ပေမဲ့ လေးလေးနက်နက် သဘောထားဖို့ လိုအပ်တယ်" ထိုအမျိုးသမီး ကျင့်ကြံသူသည် ယနေ့သင်ခန်းစာကို အဆုံးသတ်၍ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Wo Geschichten leben. Entdecke jetzt