စာစဥ် ၆၈ : အပိုင်း ၇
အပိုင်း ၁၃၁၇ : မင်းက ချစ်စရာကောင်းချင် ဟန်ဆောင်ရင်လည်း သေချာဟန်ဆောင်မှ ရမယ်
သမိုင်းတွင် တစ်ခါမှ မှတ်တမ်း မတင်ထားပဲ မဟာလွင်တီးခေါင် ကုန်းမြေ အတွင်း၌လည်း တစ်ခါမှ မမြင်ဖူးသဖြင့် လင်းဖုန်းသည် ဤကဲ့သို့သော မိစ္ဆာ မျိုးနွယ်စု၊ ပို၍ တိကျစွာ ပြောရလျှင် ဤကဲ့သို့သော တိရစ္ဆာန်မျိုးသည် သည် မူလကောင်းကင် ကမ္ဘာအတွင်းတွင် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မည်သူကသိမည်နည်း၊ သူသည် ယနေ့တွင် ထိုကဲ့သို့သော တိရစ္ဆာန်မျိုးနှင့် ကြုံတွေ့ခဲ့ရသည့် အပြင် မိစ္ဆာသခင် အဆင့်မှ မိစ္ဆာတစ်ကောင်ပင် ဖြစ်နေသေးသည်။
ထိုအရာသည် သူထင်ထားသည်ထက် များစွာ ပိုကြီးနေသော်လည်း သူသည် ဧရာမ ပန်ဒါတစ်ကောင် ဖြစ်သည်မှာ သိသာနေ၏။
သက်ရှိများသည် ပို၍ပို၍ အရွယ်ကြီးမားလာသော အခါ ငယ်စဥ်ကလောက် ချစ်စရာ မကောင်းတော့ဟူ၍ ပြောလေ့ ရှိကြသော်လည်း အချို့ တိရစ္ဆာန်များသည် ယခင်ကထက် များစွာ ကြီးမားလာသော်လည်း အလွန် ချစ်စရာ ကောင်းနေဆဲ ရှိကြသေးသည်။
သူ၏အရှေ့မှ အရာသည် အကောင်းဆုံးသော ဥပမာပင် ဖြစ်သည်။
ပို၍ အံ့ဩစရာကောင်းသော အချက်မှာ ထိုမိစ္ဆာ၏ သဘာဝ မျိုးနွယ် ပါရမီသည် ဆွဲဆောင်နိုင်စွမ်း ရှိနေသေးခြင်း ဖြစ်သည်။
ဤအရာသည် ဆန့်ကျင့်ဘက်လိင်များကို ဆွဲဆောင်နိုင်သော ဖမ်းစားမှုမျိုး မဟုတ်ချေ။ ထို့အစား သူသည် အခြားသူများ၏ စိတ်ဝိညာဥ်များကို ညှို့ယူနိုင်စွမ်း ရှိကာ ဤသားရဲအား ရန်လိုစိတ်များ နည်းပါးလိုစေခြင်း ဖြစ်သည်။ လူအများသည် သူ့အား ချစ်ခင်လိုစိတ်များ ပေါက်လာကြမည် ဖြစ်သည်။
ဤဖမ်းစားနိုင်မှုသည် ရန်လိုမှုများ မရှိပဲ ပစ်မှတ်သီးသန့်လည်း မရှိပေ။ သူသည် သဘာဝ အတိုင်း ဆွဲဆောင်နိုင်စွမ်း ရှိကာ တစ်ချိန်တည်းတွင် ကောင်းကင်နှင့် မြေကြီးတို့နှင့် အတူတကွ လိုက်လျောညီထွေ ဖြစ်နေခြင်း ဖြစ်သည်။ အားလုံးတို့သည် သတိပင် မထားမိပဲနှင့် သူ၏ လွှမ်းမိုးမှုများကို ခံခဲ့ရမည် ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...