စာစဥ် ၇၀ : အပိုင်း ၁၃
အပိုင်း ၁၃၆၃ : မင်းကငါ့အတွက် ခံစားချက် မရှိတော့ ငါက လက်လျှော့လိုက်ပြီ
ကျူးကော်ဝမ်ချိုးသည် ရှုယွင်စန်းအား ထူးခြားသော အကြည့်တစ်ခုဖြင့် စိုက်ကြည့်နေသည်။ သူမသည် သူပြောပြီးသည့် အချိန်အထိ စောင့်နေပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။ "တကယ်လို့ ကျွန်မက ဒီနှစ်တွေ အတွင်းမှာ စီနီယာကို မစောင့်နေပဲ တစ်ခြားတစ်ယောက်ကို ရွေးလိုက်မယ် ဆိုရင်လည်း ဒီအကြောင်းတွေကို ကျွန်မကို ပြောပြဦးမှာလား"
ရှုယွင်စန်းက ပြန်ဖြေလိုက်သည်။ "တကယ်လို့ နင်ဟာ တစ်စုံတစ်ယောက်နဲ့ လက်တွဲခဲ့ပြီ ဆိုရင် ငါက နင့်ရဲ့ ဘဝကို ဝင်ပြီးမှ နှောင့်ယှက်မှာ မဟုတ်ပဲ နင်နဲ့ နင့်အဖော်တို့ရဲ့ ဆက်ဆံရေးကို ကဖျက်ယဖျက် လုပ်မှာမဟုတ်ဘူး… ငါက နင့်ရဲ့စိတ်ကို အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘူး"
ကျူးကော်ဝမ်ချိုးက မေးလိုက်သည်။ "အခုအချိန်မှာရော စီနီယာက ကျွန်မရဲ့ စိတ်အခြေအနေကို နှောင့်ယှက်နေတာ မဟုတ်ဘူးလား… စီနီယာက စီနီယာရဲ့ နည်းလမ်းအတိုင်း နောက်ထပ်လုပ်ဖို့ ကြိုးစားနေပြန်ပြီ… စီနီယာရှု"
ရှုယွင်စန်းက သက်ပြင်း ဖွဖွလေး ချ၍ ပြောလိုက်သည်။ "အခုအချိန်မှာ နင်က အရာအားလုံးကို သိရမှ နင့်အတွက် တရားမျှတမှာပါ… ငါကနင့်ကို နှစ်ပေါင်းများစွာ စောင့်နေရအောင် လုပ်ထားခဲ့ပြီး နင့်ရဲ့ အချိန်တွေကို ဆက်ပြီးမှ မဖြုန်းတီးစေလိုတော့ဘူး"
ကျူးကော်ဝမ်ချိုးသည် အရှေ့သို့ တစ်လှမ်းချင်း လျှောက်လာပြီး ရှုယွင်စန်း အရှေ့သို့ ရောက်လာသည်။ သူတို့သည် လက်မအနည်းငယ်သာ ကွာတော့ပြီး ကျူးကော်ဝမ်ချိုးက သူ၏ မျက်လုံးများ အတွင်းသို့ နက်ရှိုင်းစွာ ကြည့်လိုက်သည်။
"ကျွန်မ စောင့်မျှော်နေခဲ့တဲ့ နေ့တွေ လတွေက အချည်းနှီး ဖြစ်ခဲ့တယ်လို့ စီနီယာက ဘယ်လိုလုပ်ပြီးမှ သေချာနေရတာလဲ… ကျွန်မက ဆက်လက်ပြီးမှ စောင့်နေရင်လည်း အချိန်ဖြုန်းရာ ကျနေမယ်လို့ စီနီယာက ဘယ်လိုလုပ်ပြီး သေချာနေရတာလဲ"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...