စာစဥ် ၇၄ : အပိုင်း ၁၃
အပိုင်း ၁၄၄၃ : အားလုံး ထွက်သွား
ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်သည် သူ၏ ကြယ်စင်ပင်လယ် ဝင်ပေါက်အား ချထားခဲ့ကာ သူ၏ စွမ်းအားများကို အသက်သွင်းလိုက်သည်။ ကြယ်စင်ပင်လယ် ဝင်ပေါက်ထံမှ ပေါက်ကွဲလာသော စွမ်းအားများသည် အစောပိုင်းမှ မူလနဂါး ဘုရင်၏ စွမ်းအားများထက် ပို၍ အားကောင်းသည်။
ဤလှုပ်ရှားမှုဖြင့် သူသည် နောက်ဆုတ်သွားနိုင်ခဲ့သော်လည်း မျက်စိတစ်မှိတ် အတွင်းတွင် လင်းဖုန်းသည် ကြယ်စင်ပင်လယ် ဝင်ပေါက်အား ရယူသွားနိုင်ခဲ့သည်။
ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်သည် ထိုအရာကို တွေ့ခဲ့ရသော အခါ သူ၏ ရင်အတွင်းမှ သွေးများ ယိုစီးလာသကဲသို့ ခံစားခဲ့ရသည်။
ကြယ်စင်ပင်လယ်သည် မိစ္ဆာများအတွက် အမတန်မှ အရေးပါလှ၍ သူတို့သည် လူသားများထက် ပို၍ တန်ဖိုးထားကြသည်။ ရှေးဟောင်းခေတ်မှ လွဲ၍ တော်ဝင်မိစ္ဆာ ဧကရာဇ်များသည် ထိုနေရာတွင် အမြဲတမ်း နေထိုင်ခဲ့ကြသည်။
ဟေးဒီးစ် မျိုးနွယ်စုများ ပြန်လာခဲ့သော အခါ သူတို့သည် ကြယ်စင်ပင်လယ် ဝင်ပေါက် ခြောက်ပေါက်စလုံးကို ထိန်းချုပ်ကာ ရှေးဟောင်းအထီးကျန် နဂါးငွေ့တန်းအား သိမ်းပိုက်ရန် ဆန္ဒရှိနေကြသည်။
သို့သော်လည်း ယခုအချိန်တွင် ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်သည် သူ၏ ကြယ်စင်ပင်လယ် ဝင်ပေါက်က လင်းဖုန်း၏ လက်အတွင်းသို့ ကျရောက်သွားသည်ကို ကြည့်ရုံသာ ကြည့်နိုင်ခဲ့၍ ဘာမှ ရွေးချယ်ခွင့် မရှိပဲ စွန့်လွှတ်ခဲ့ရသည်။
ပုံမှန်အချိန်တွင် မည်မျှပင် တည်ငြိမ်နေသော်လည်း ယခုအချိန်တွင် ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်သည် မူးဝေလာသကဲ့သို့ ခံစားနေရသည်။သို့သော်လည်း သူသည် သာမန်မိစ္ဆာ တစ်ကောင် မဟုတ်ချေ။ ကြယ်စင်ပင်လယ် ဝင်ပေါက်အား အနစ်နာခံလိုက်ခြင်းအားဖြင့် သူသည် ရှားရှားပါးပါး လွတ်မြောက်ရန် အခွင့်အရေးကို ရရှိခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ် သနားခြင်း သို့မဟုတ် မုန်းတီးခြင်းဖြင့် ညည်းညူမနေခဲ့ပေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...