၁၃၈၁ မှ ၁၃၈၅

293 18 0
                                    

စာစဥ် ၇၁ : အပိုင်း ၁၁

အပိုင်း ၁၃၈၁ : အဲ့ဒီနေရာမှာ ဘယ်သူ ရှိမလဲ

လင်းဖုန်း၏ ညွှန်ကြားချက်များကို ကြားခဲ့ရသော အခါ လော်ချင်းဝူက သိချင်စိတ် ပြင်းပြသွားသည်။ "ဘာကိစ္စလည်း… ကျေးဇူးပြုပြီးမှ ကျွန်မကို ပြောပြပါ… ဆရာ"

လင်းဖုန်းက သူ၏အာရုံအား ယန်ချင်ဘက်သို့ ပြန်ပြောင်းလိုက်သည်။ "ဒါက မင်းနံပါတ်ငါး စီနီယာရဲ့ တပည့် ကျိုးယွင်ချုံးနဲ့ ပတ်သတ်နေတယ်"

သူ့စကားကို ကြားခဲ့ရသော အခါ ယန်ချင်၊ လော်ချင်းဝူနှင့် ကျန်သောသူများက အနည်းငယ် မှင်သက်သွားကြသည်။ သူတို့သည် တစ်စုံတစ်ရာကို စဥ်းစားမိသကဲ့သို့ ဖြစ်နေသည်။

ယန်ချင် အပါအဝင် အားလုံးတို့သည် အံ့အားသင့်သွားကြသော်လည်း လင်းဖုန်းတွင် အကြောင်းရင်းများ ရှိကြမည်ကို သိနေကြသည်။

ဇူရီနှင့် ဝမ်လင်းတို့သည် သဘောပေါက်သွားသည့်ပုံ ပေါက်သွားပြီး အချင်းချင်း ကြည့်လိုက်ကြကာ ဇူရီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒါက ရွှေပုစဥ်း ဆရာတော်က သူ့ကို ပြန်ပေးဆွဲသွားတဲ့ အချိန်မှာ စခဲ့တာ… ဒါပေမဲ့ ဒါက ရွှေပုစဥ်း ဆရာတော်နဲ့ ဘာမှ မဆိုင်ဘူး"

ဝမ်လင်းက သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ဒါက ယွင်ချုံးကိုယ်တိုင်ကနေ စခဲ့တာ"

သူတို့၏ စကားများကို ကြားခဲ့ရသော အခါ အားလုံးတို့က တုံ့ပြန်လိုက်ကြသည်။ ရှောင်ယန်သည် တင်ပလ္လင်ခွေ ထိုင်နေပြီး သူ၏လက်များကို ဒူးပေါ်တွင် တင်ထားခဲ့သည်။ သူက မျက်မှောင်များကို ကြည့်လိုက်ကာ ပြောလိုက်သည်။

"ရွှေပုစဥ်း ဆရာတော်နဲ့ စကြာဝဠာ စကျင်ဗုဒ္ဓတို့ဟာ ဘယ်နေရာ ရောက်နေမှန်းကို ကျွန်တော်တို့ မသိရပေမဲ့ ဒီကိစ္စက ပြေလည်သွားပြီ မဟုတ်လား… တကယ်လို့ သူတို့က ယွင်ချုံးကို ထပ်ပြီးမှ ပြန်ပေးဆွဲသွားရင်တောင် ဘာမှ ရနိုင်မှာ မဟုတ်ဘူး… ဒါ့အပြင် စကြာဝဠာ စကျင်ဗုဒ္ဓက သူ့ဘာသူသာ ဆင်းသက်လာပြီ မဟုတ်လား"

"ဒါပေမဲ့ ဟင်းလင်းပြင် ဘုရားကျောင်းကလည်း ဝိညာဥ်ပင်လယ်ကို သွားခဲ့ရင် သူတို့က ကျွန်တော်တို့ကို ပြဿနာရှာဖို့ လူဘယ်နှစ်ယောက် ထားခဲ့နိုင်မှာလဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now