အပိုင်း ၁၂၀၅-၁၂၀၆

230 23 0
                                    

စာစဥ် ၆၂ : အပိုင်း ၁၅

အပိုင်း ၁၂၀၅ : စူတောင်ကပ်ဘေး

ထျန်းကန်း ဓားမာစတာသည် စူတောင်ဘက်သို့ ကြည့်လိုက်ကာ သူ၏ မျက်နှာက ပြောင်းသွားသည်။ သူက သူတော်စင် ကောင်းကင် ကမ္ဘာဦး ဓားဝင်္ကပါမှနေ၍ ပြောင်းထားသော ကောင်းကင်ကိုးလွှာ ကမ္ဘာဦး ဓားဝင်္ကပါသည် မူလပုံစံသို့ ပြန်ပြောင်းသွားသည်ဟု ခံစားလိုက်ရသည်။

စူတောင်ဓားဂိုဏ်း အတွင်းတွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်း ရှိသောသူသည် ချန်းမင် ဓားမာစတာသာ ရှိသည်။

သူ၏ စိတ်အတွင်းတွင် ရှိနေသော သံသယများသည် ယခုအချိန်တွင် အမှန်ဖြစ်လာပြီ ဖြစ်၏။ သူ၏ မျက်မှောင်များကို ပိုကြုတ်စေခဲ့သည့် အချက်မှာ သူတော်စင် ကောင်းကင်ဓားက ပြန်လည် မွေးဖွားလာသကဲ့သို့ မြေကြီးဗဟိုချက်မှ ပြောင်းလဲမှု တစ်ခုကို ခံစားခဲ့ရခြင်း ဖြစ်သည်။

ထျန်းကန်း ဓားမာစတာကသည် လက်ရှိ စူတောင်ဓားဂိုဏ်းတွင် အစွမ်းအထက်ဆုံး ဓားကျင့်ကြံသူ ဖြစ်ကာ သူ၏ သူတော်စင် ကောင်းကင်ဓား အပေါ်၌ အာရုံခံနိုင်မှုမှာ သံသယဖြစ်ဖွယ် မရှိချေ။

သူတင်မကပဲ သူ၏ ထျန်းကန်း ရှေးဟောင်းဓားကပင် အသက်ရှူနေသကဲ့သို့ တုန်ခါလာသည်။

ဤအချိန်တွင် ဇူရီသည် အလင်းဓားမြန် ဓားမာစတာနှင့် လျှပ်စီးဓားမာစတာတို့ထံမှ ပေးပို့လာသော သတင်းများကို လက်ခံရရှိခဲ့သည်။ သူသည် ဘာဖြစ်နေသည်ကို သေချာ မသိခဲ့သော်လည်း တစ်စုံတစ်ခုက မှားနေသည်ဟု ခံစားနေရကာ သတိများကို ပိုထားခဲ့ရသည်။

"ခင်ဗျားက စူတောင်နဲ့ အဆက်အသွယ် ရသေးလား" ဇူရီက ထျန်းကန်း ဓားမာစတာဘက်သို့ လှည့်ကြည့်လိုက်သည်။ "စူတောင်မှာ ဘာများ ဖြစ်နေလဲမသိဘူး"

ထျန်းကန်း ဓားမာစတာသည် အမူအရာ ကင်းမဲ့စွာဖြင့် စူတောင်ဘက်သို့ ကြည့်ကာ နယ်နိမိတ် လမ်းကြောင်းဘက်သို့ ပြန်ကြည့်လိုက်သည်။

သူ့အနေဖြင့် ဘာမှ သိပ်စဥ်းစားနေစရာ မလိုပေ။ ထျန်းကန်း ဓားမာစတာသည် သူတော်စင် ကောင်းကင် ကမ္ဘာဦး ဓားဝင်္ကပါကို ကောင်းစွာ နားလည်နေ၍ စူတောင်တွင် ဘာဖြစ်နေသည်ကို ချက်ချင်း သိလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now