အပိုင်း ၁၁၂၅ - ၁၁၂၆

347 27 0
                                    

စာစဥ် ၅၈ : အပိုင်း ၁၅

အပိုင်း ၁၁၂၅ : ဓားက ဘယ်ကို ချိန်ထားတာလဲ

ရှီဇီလင်နှင့် ချင်းရိတို့က တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့သည်။ ရှီထျန်းဟောင်၏ မေးခွန်းကို ကြားလိုက်ရသော အခါ ရှီဇီလင်က မျက်မှောင်ကြုတ်၍ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ "အချိန် အတော်ကြာကတည်းက ငါတို့နှစ်ယောက်ဟာ ဟင်းလင်းပြင် စစ်တလင်း အတွင်းက အန္တရာယ်များတဲ့ နေရာတစ်ခုမှာ ပိတ်မိနေခဲ့တယ်… ငါတို့ရဲ့ အသက်တွေက အန္တရာယ် မရှိပေမဲ့ မလွတ်မြောက်နိုင်ခဲ့ဘူး"

"ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မှုတွေ အားလုံးတို့က ပြတ်တောက်သွားခဲ့ပြီး ငါတို့ကလည်း ဘာဖြစ်နေမှန်း မသိခဲ့ဘူး… သိပ်မကြာသေးခင်ကမှ အဲ့ဒီနေရာက အရံအတားတွေ ပြေလျော့သွားခဲ့ပြီး ငါတို့က လွတ်မြောက်လာနိုင်ခဲ့တာ"

"ဒါပေမဲ့ ငါတို့က လွတ်မြောက်လာပြီး မကြာခင်မှာပဲ ချူကျန်းဘုရင်နဲ့ တွေ့ခဲ့တယ်… သူက အင်မော်တယ် ဝိညာဥ် ဒုတိယ အဆင့်မှာ ရှိနေလောက်ပြီ… သူက ငါတို့ကို ဖမ်းပြီးမှ ဒီကမ္ဘာငယ် အထဲမှာ ချုပ်နှောင်ထားခဲ့တာ"

ယခုအချိန်တွင် ရှီဇီလင်နှင့် သူ့ဇနီးတို့က ရှီထျန်းဟောင်က သူတို့အား မည်ကဲ့သို့ ကယ်တင်ခဲ့သည်ကို ကြားရအပြီးမှ သူတို့အား ဖမ်းဆီးခဲ့သောသူမှာ သေမင်းခန်းမမှ ငရဲဘုရင် တစ်ယောက်ဖြစ်သော ချူကျန်းဘုရင်ဟူ၍ သိလိုက်ကြသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် သေမင်းခန်းမတို့၏ ဆက်ဆံရေးမှာလည်း အဘယ်ကြောင့် ဤမျှအထိ ပြင်းထန်နေမှန်းကိုလည်း သိခဲ့ကြရသည်။

"ဒါပေမဲ့ ငါတို့နှစ်ယောက်က အဲ့ဒီ အန္တရာယ်များတဲ့ နေရာကနေ လွတ်မြောက်လာ အပြီးမှာ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တော့ သူက အရင်ကနဲ့ မတူတော့တာကို တွေ့လိုက်ရတယ်… သူ့ရဲ့နေရာ ပြောင်းသွားတဲ့ အတိုင်းပဲ"

"ငါတို့ကလည်း ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အတွင်းမှာ ပတ်ဝန်းကျင်က လျင်မြန်စွာနဲ့ ပြောင်းလဲနေတတ်တာပဲလို့ တွေးမိပြီး ဆက်မစဥ်းစားခဲ့ကြဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now