စာစဥ် ၇၃ : အပိုင်း ၈
အပိုင်း ၁၄၃၈ : နံပါတ်တစ် အစွန်းရောက်ယန်နှင့် အစွန်းရောက် အပူချိန်
ချူးယန်သည် အစောပိုင်းမှ ကျရှုံးမှု အပေါ်တွင် သင်ခန်းစာ မရခဲ့သကဲ့သို့ ကောင်းကင်ကိုးလွှာဓားအား ထုတ်ဖော်ကာ ကောင်းကင်မွေးဖွား သူတော်စင် အပေါ်သို့ ခုတ်ချလိုက်သည်။
ချူးယန်၏ တိုက်ခိုက်မှု အသစ်သည် အစောပိုင်းနှင့် စာလျှင် တိုးတက် ကောင်းမွန်လာသည်ကို ကောင်းစွာ အာရုံခံနိုင်ခဲ့သဖြင့် ကောင်းကင်မွေးဖွား သူတော်စင်၏ အကြည့်သည် အထင်သေး၍ မထီလေးစား ဖြစ်နေသည့် အရိပ်အယောင်များကို မဖော်ပြနေခဲ့ပေ။
စွမ်းအင်အဆင့်မှ နေ၍ ကြည့်လိုက်လျှင် တိုးတက်လာခြင်းမျိုး မရှိသော်လည်း စိတ်ဝိညာဥ်နှင့် အဓိပ္ပာယ် အဆင့်မှ နေ၍ ကြည့်လိုက်လျှင် ချိုးဖောက်နိုင်ခဲ့သည်နှင့် တူနေသည်။
မြေကြီးအတွင်းတွင် အပင်ပေါက် တစ်ခုက အစို့အညှောက် ထွက်နေခဲ့သကဲ့သို့ ဖြစ်သည်။
စိတ်ဝိညာဥ် ဉာဏ်အလင်းပွင့်မှုသည် ကောင်းကင်ကိုးလွှာဓား လိုအပ်နေသော အခွင့်အရေး တစ်ခု ဖြစ်သည်။ ကောင်းကင်မွေးဖွား သူတော်စင်သည် သူ၏ ချန်ကောင်းကင် မဟာဟင်းလင်းပြင် နတ်ဘုရား အလင်းတန်းနှင့် ထိတွေ့ခဲ့မှုကြောင့် ကောင်းကင်ကိုးလွှာဓားသည် ပြောင်းလဲမှု ဖြစ်လာခဲ့သည်ကို သိနေခဲ့သည်။
တစ်ချက် ထိတွေ့ရုံနှင့်ပင် တစ်ဆို့ ကြန့်ကြာနေမှုသည် အနည်းငယ် လျော့နည်းသွားပုံ ပေါက်နေသည်။ ကောင်းကင်ကိုးလွှာဓား၏ ကြမ္မာပန်းတိုင်အား ဖြည့်ဆည်းနိုင်ရန် မျှော်လင့်ချက်သည် အိမ်မက်သက်သက် မဟုတ်တော့ပဲ အခွင့်အရေး ရလာခဲ့ပြီ ဖြစ်သည်။
ကောင်းကင် ကိုးလွှာဓား၏ အလင်းတန်းသည် ပို၍ပို၍ တောက်ပလာသည်နှင့် အမျှ ကောင်းကင်မွေးဖွား သူတော်စင်၏ အကြည့်သည် ဖြည်းဖြည်းချင်း မည်းမှောင်လာခဲ့သည်။
သူ၏ ပုံရိပ်သည် လှုပ်ရှားသွား၍ ဤကမ္ဘာ အတွင်းမှ ထွက်ခွာကာ ပုံရိပ်ယောင် ကမ္ဘာတစ်ခု အတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။ သူ၏ ပုံရိပ်အား မြင်နေရသော်လည်း သူ၏ တည်ရှိနေမှုကို အာရုံခံ၍ မရနိုင်တော့ပေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...