အပိုင်း ၁၁၅၇-၁၁၅၈

279 22 0
                                    

စာစဥ် ၆၀ : အပိုင်း ၇

အပိုင်း ၁၁၅၇ : မင်းယူလို့ မရဘူး

ထူးခြားဆန်းကြယ်သော အချိန်ကာလ လေဟာနယ် လည်ပတ်ခြင်း ဝင်္ကပါ၏ အစွမ်းအောက်တွင် အားလုံးတို့အား ယင်ပင်လယ် အတွင်းမှ ထုတ်ယူခဲ့၍ မဟာကမ္ဘာ အပြင်မှ အဆုံးမဲ့ ဟင်းလင်းပြင် အတွင်းသို့ ပို့ဆောင်ထားခဲ့ခြင်း ဖြစ်သည်။

ထော်ခုန်း မဟာပဏ္ဍိတသည် ဒဏ်ရာ အပြင်းအထန် ရနေခဲ့သော်လည်း ဟင်းလင်းပြင် အတွင်းမှ ထကြွလှုပ်ရှားမှုများကို ခုခံနိုင်ရန် ဖြစ်နိုင်သေးသည်။

သူ၏ သဘာဝ အမြန်နှုန်းအား ထုတ်လွှတ်လိုက်ကာ ဧရာမ တိုင်လုံးကြီးကို ချိုးဖောက်နိုင်ရန် ကြိုးစားလိုက်၏။ သူနှင့် မူလက တိုက်ခိုက်နေသော ပိဖန်း မဟာပဏ္ဍိတသည် သူ့အား လိုက်မဖမ်းခဲ့ပဲ သူ့ကို လွတ်မြောက်နိုင်ရန် အခွင့်အရေး တစ်ခုပေးလိုက်သည်။

ကျူးကျန်း မဟာပဏ္ဍိတ၊ လည်ပတ်နေသောလိပ် မဟာပဏ္ဍိတနှင့် ဖေးရီ မဟာပဏ္ဍိတတို့ အားလုံးတို့ကလည်း သူ့အား ဟန့်တားရန် ရည်ရွယ်ချက် မရှိခဲ့ကြပေ။

ဤအရာသည် သူတို့အတွက် အနာဂတ်တွင် ပြဿနာအချို့ ရှိနေနိုင်သော်လည်း လက်ရှိ အာရုံစိုက်ရမည့် အဓိက အရာသည် ဝမ်လင်းပင် ဖြစ်သည်။

ထော်ခုန်း မဟာပဏ္ဍိတတွင် လက်စွပ် မရှိတော့ပဲ ထိုလက်စွပ်သည် ယခုအချိန်တွင် ဝမ်လင်း၏ လက်အတွင်းတွင် ရောက်သွားပြီ ဖြစ်ရာ ထိုအစွမ်းထက် မိစ္ဆာတစ်အုပ်စုသည် ဝမ်လင်းအပေါ်၌သာ အာရုံ စူးစိုက်ထားကြသည်။

ထော်ခုန်း မဟာပဏ္ဍိတ၏ ပိတ်ဆို့မှု မရှိနေတော့သဖြင့် ပိဖန်း မဟာပဏ္ဍိတကလည်း အားသွားပြီ ဖြစ်သည်။ ထိုအရာသည် သူတို့၏ စွမ်းအားများကို မြင့်တက်လာစေ၍ ဝမ်လင်းနှင့် ကျန်သောသူများ အပေါ်တို့၌ ဖိအားများ ပိုပေးနိုင်သည်။

ဝမ်လင်းနှင့် ကျန်သောသူများသည် ပို၍ အန္တရာယ် ကြီးမားသော အခြေအနေသို့ ကျရောက်သွားခဲ့သည်။

ဘာဆက်သွယ်မှုများ မလိုနေပဲ ပိဖန်း မဟာပဏ္ဍိတသည် လည်ပတ်နေသောလိပ် မဟာပဏ္ဍိတ အပေါ်သို့ တိုက်ခိုက်နေသော ချန်ကောင်းကင် မှော်ကျိန်စာ ဓားသွား၏ တိုက်ခိုက်မှု တစ်ချက်ကို ခံယူပေးလိုက်ရာ ချန်ကောင်းကင် မှော်ကျိန်စာ ဓားသွား၏ ပြိုင်ဘက်မှာ သူမဖြစ်သွား၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now