၁၂၉၆ မှ ၁၃၀၀

309 23 0
                                    

စာစဥ် ၆၇ : အပိုင်း ၆

အပိုင်း ၁၂၉၆ : လုံးဝပျက်သုဥ်းရန် ပါလာသည့် ကံကြမ္မာ

ဥပါလိ၏ ရွှေရောင်ပုံစံနှင့် ပေါင်းစည်းနေဆဲ ရှိသေးသော ဇူဟုန်ဝူ၏ ကျယ်ပြန့်လှသော စွမ်းအားများသည် သာမန် သိုင်းကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်။ သူ၏ ခန္ဓာကိုယ်သည် အပိုင်းအစ သန်းနှင့်ချီ၍ ပြိုကွဲသွားခဲ့သော်လည်း အသက်ရှိနေသေးပြီး ထူးချွန်ပြောင်မြောက်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

သူ၏ အသိစိတ်ကလည်း ကြည်လင်နေသေး၍ သူ၏ ခန္ဓာကိုယ်အား ပြန်လည် ပေါင်းစည်းရန် ကြိုးစားနေခဲ့သည်။

သို့သော်လည်း ဇူရီ ပိုကောင်းနေခဲ့သည်။ သူသည် အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ဝင်္ကပါနှင့် ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်ကို ထုတ်ဖော်ခဲ့၍ နည်းစနစ် နှစ်မျိုးလုံးတို့သည် အတူတကွ ပူးပေါင်းကာ ဇူဟုန်ဝူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီကို အပြည့်အဝ ဖိနှိပ်ထားခဲ့ကြသည်။

"ခင်ဗျားက ဥပါလိ ရွှေရောင်ပုံစံကို အခုလေးတင် ကျင့်ကြံထားခဲ့ပေမဲ့ ခင်ဗျားရဲ့ ကျင့်ကြံမှုကို ဖယ်ရှားရတာက အရင်တစ်ခေါက်ကထက် အနည်းငယ်ပိုပြီးမှ စိန်ခေါ်မှုရှိနေတယ်"

ဇူရီ၏ လေသံသည် သာမန် အသေးအဖွဲ ကိစ္စတစ်ခုကို ပြောနေရသကဲ့သို့ ခံစားချက် တစ်စက်မှ မရှိနေပေ။ "ဒါပေမဲ့ ရလဒ်ကတော့ အတူတူ ဖြစ်ပြီး ကျုပ်က အချိန်အနည်းငယ် ပိုယူရရုံပဲ ရှိတယ်"

ဇူရီသည် ဘာမှ ဆက်မပြောနေတော့ပဲ ဟီဂန် ရွှေရောင်တံတား၏ အလင်းတန်းသည် ဟင်းလင်းပြင်မှ မဟာကောင်းကင်ဘီးကို ဖုံးလွှမ်းသွား၍ တော်ဝင်နန်းတော် အပေါ်သို့ ကျဆင်းသွားခဲ့သည်။

နတ်ဘုရားနယ်မြေ ဆေးမီးဖိုနှင့် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါတို့၏ ချုပ်နှောင်ခြင်းကို ခံနေရသော တော်ဝင်နန်းတော်သည် ဟီဂန် ရွှေရောင်တံတား၏ ဖိအားများကို ထပ်ခံခဲ့ရသော အခါ ကူရာမဲ့နေခဲ့သည်။

အမျက်ထွက်နေသော အုပ်စိုးသူထံမှ လာသကဲ့သို့ ဖြစ်နေသော အမျက်ထွက်မှုများနှင့် ခံပြင်း နာကြည်းမှုများက ရှိနေသေးသည်။ အောက်စည်းသို့ ရောက်နေခဲ့သော်လည်း သူ၏ မာနနှင့် ဂုဏ်သိက္ခာတို့ကို မည်တော့မှ အလျော့ပေးလိမ့်မည် မဟုတ်ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now