၁၄၁၁-၁၄၁၂

186 20 0
                                    

စာစဥ် ၇၃ : အပိုင်း ၁

အပိုင်း ၁၄၁၁ : ရုတ်တရက် သတိပြုမိခြင်း

ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတ၊ အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတနှင့် ရှန်နဂါးဘုရင်တို့ အားလုံးသည် ဒဏ်ရာများ ရသွားကြသည်။

ရှင်းလုံစန်း၊ ထျန်းကန်း ဓားမာစတာနှင့် ရှီရှင်းယွမ်တို့သည် ဒဏ်ရာများ ရထားကြသော်လည်း သူတို့၏ ဒဏ်ရာများသည် ထိုမိစ္ဆာ သုံးကောင်တို့နှင့်စာလျှင် မပြင်းထန်ချေ။ ဂူကျွန်းနှင့် သက်ရှည်ကြာပန်း ထိုင်ခုံတို့၏ ဦးဆောင်မှုဖြင့် သူတို့၏ အခြေအနေသည် မိစ္ဆာသုံးကောင်တို့ထက် စာလျှင် များစွာ ပိုကောင်းနေသည်။

ထိုအချိန်တွင် ရှီထျန်းဟောင်နှင့် ဂူကျွန်းတို့သည် အချင်းချင်း ဆက်သွယ်လိုက်ကာ လိုက်လံ ဖမ်းဆီးမှုအား ရပ်တန့်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။ ရှီထျန်းဟောင်၏ ခေါင်းပေါ်မှ အလင်းတန်း တစ်တန်း ထွက်ပေါ်လာ၍ မူလ မြင့်မြတ်သော အလင်းတန်း တစ်တန်း ကျဆင်းလာပြီး သူတို့၏ ဒဏ်ရာများကို ကုစားပေးခဲ့သည်။

သူသည် သူ၏ အကြည့်အား ဟင်းလင်းပြင် အတွင်း၌သာ စူးစိုက်ထားသည်။ ခေတ္တမျှ စဥ်းစားခဲ့ အပြီးတွင် သူ၏လက်ကို ဆန့်တန်းလိုက်ကာ အနီရောင် အလင်းတန်း တစ်တန်းဖြင့် လင်းလက်နေသော အဆောင်လက်ဖွဲ့ တစ်ခုအား ဖော်ပြလိုက်သည်။ ထိုအဆောင်လက်ဖွဲ့ အပေါ်၌ တစ်ယောက်သည် 'ယန်'ဟူသော စကားလုံးအား တွေ့နေနိုင်သည်။

ဤအရာသည် ရှောင်ယန်က ခက်ခဲလှစွာဖြင့် အထူး ပြုလုပ်ထားသော အဆောင်လက်ဖွဲ့ တစ်ခုဖြစ်သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းတွင်ပင် ထိုကဲ့သို့သော အဆောင်လက်ဖွဲ့များ အနည်းငယ်သာ ရှိသည်။ သူတို့သည် ရှောင်ယန်နှင့် ကျန်သောသူများအား ငရဲကမ္ဘာ ပင်လယ်အတွင်းသို့ ဝင်ထွက်နိုင်ရန် ကူညီပေးနိုင်သည်။

အသုံးပြုသူများသည် ငရဲကမ္ဘာ ပင်လယ်၏ စွမ်းအားများကို ရင်ဆိုင်ရဦးမည် ဖြစ်သော်လည်း များစွာပို၍ တည်ငြိမ်နေမည် ဖြစ်သည်။

ရှီထျန်းဟောင်သည် ထိုအဆောင်လက်ဖွဲ့အား ချိုးဖောက်လိုက်သော အခါ အနီရောင် အလင်းတန်း တစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ထိုအလင်းတန်းသည် မှောင်မည်းနေကာ လုံးဝ မည်းနက်လုနီးပါး ဖြစ်သွားသည်။ အလင်းရောင်များ အတွင်းမှ တစ်ယောက်သည် ကမ္ဘာပျက်သည်နှင့် တူနေသော ရင်အတွင်း၌ အေးစိမ့်သွားစေသည့် ဟစ်ကြွေးသံများကို ကြားနေနိုင်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now