၁၄၁၅-၁၄၁၆

187 18 0
                                    

စာစဥ် ၇၃ : အပိုင်း ၅

အပိုင်း ၁၄၁၅ : နတ်ဘုရား နယ်မြေ အတွင်းမှာ ဘယ်သူက ပထမလဲ

ရှီထျန်းဟောင်၏ ယင်းယွမ် ခန္ဓာကိုယ်နှင့် ဟွမ်စန်း ခန္ဓာကိုယ်တို့သည် ချက်ချင်း ပေါ်လာခဲ့သည်။ သူ၏ ဟွမ်စန်း ခန္ဓာကိုယ်၏ ခေါင်းပေါ်မှ နတ်ဗိုလ်ချုပ် ၁၂ပါးတို့ ပျံသန်း ထွက်ပေါ်လာကာ နတ်ကောင်းကင် ဝင်္ကပါပုံစံသို့ ပြောင်းသွားသည်။

နတ်ကောင်းကင် ဝင်္ကပါ အတွင်းတွင် ကြီးကျယ် ခမ်းနားသော မြို့တော်တစ်ခုသည် ကောင်းကင်ကိုးလွှာ၏ အပေါ်တွင် ပေါ်လာသည်။ ထိုအရာသည် ကောင်းကင်ပေါ်မှ မြို့တော် ဖြစ်သည်။

ကောင်းကင်ပေါ်မှ မြို့တော်၏ အပေါ်တွင် အသွင်မဲ့ အလင်းတန်း ဘီးတစ်ခု ရှိနေသည်။ သူလည်ပတ်လာသည်နှင့် ကမ္ဘာ တစ်ခုလုံးသည် သူနှင့် အတူ လည်ပတ်လာသည်နှင့် တူနေခဲ့သည်။

ရှီထျန်းဟောင်သည် သူ၏ မဟာကောင်းကင်ဘီးကို ပင့်မြှောက်လိုက်ကာ ကောင်းကင်ပေါ်မှ မြို့တော်နှင့် နတ်ကောင်းကင် ဝင်္ကပါတို့၏ အားဖြည့်မှုကို ခံယူလိုက်သည်။ ကောင်းကင်အောက်တွင် သူ၏ ခန္ဓာကိုယ်သည် နေရာတကာတွင် ရှိနေသကဲ့သို့ ဖြစ်နေ၍ မကြာမီပင် သူသည် ရွှေပုစဥ်း ဆရာတော်၏ အရှေ့သို့ ရောက်လာခဲ့သည်။

ရွှေပုစဥ်း ဆရာတော်သည် သူ၏ လက်ဝါးများကို အတူတကွ ရိုက်ချလိုက်၍ ကျမ်းစာများကို ရွတ်ဖတ်လိုက်သည်။ သူ၏ ခေါင်းပေါ်မှ အနက်ရောင် ပုစဥ်းသည် ချက်ချင်းပင် ဗုဒ္ဓတစ်ပါး အဖြစ်သို့ အသွင်ပြောင်းသွားသည်။

ထိုဗုဒ္ဓ ပေါ်လာအပြီးတွင် ဆာဟာပန်းများသည် ကောင်းကင်ပေါ်မှ စတင်၍ ကျဆင်းလာခဲ့သည်။ ဗုဒ္ဓ အလင်းတန်းများသည် အရပ်မျက်နှာ လေးခုလုံးသို့ လင်းလက်လာ၍ ကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းသွားသည်။

ဗုဒ္ဓ အလင်းတန်းများသည် နတ်ကောင်းကင် ဝင်္ကပါထံမှ ကွဲပြားနေ၍ ကမ္ဘာနှစ်ခု ပေါ်လာသည်နှင့် တူနေခဲ့သည်။

ရှီထျန်းဟောင်၏ ခန္ဓာကိုယ်သည် ဗုဒ္ဓကမ္ဘာ၏ အစွန်းဘက်တွင် ရှိနေခဲ့သည်။

ဗုဒ္ဓကမ္ဘာနှင့် နတ်ကောင်းကင်တို့သည် သီးသန့် ကမ္ဘာနှစ်ခုတို့ ဖြစ်ကြသည်။ နတ်ကောင်းကင် အတွင်းတွင် သူသည် နေရာတကာ၌ တစ်ချိန်လုံး ရှိသကဲ့သို့ ဖြစ်နေသည်။ သူသည် နေရာတစ်ခုတွင် ပေါ်လာရန် စဥ်းပင် စဥ်းစားနေစရာ မလိုချေ။ သူသည် ထိုနေရာတွင် အစောကြီးကတည်းက ရှိနေခဲ့သကဲ့သို့ ဖြစ်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now