အပိုင်း ၁၄၂၂ : အလွှာခြောက်လွှာ ကောင်းကင်မီးတောက် ကြာပန်း

180 19 0
                                    

စာစဥ် ၇၃ : အပိုင်း ၁၂

အပိုင်း ၁၄၂၂ : အလွှာခြောက်လွှာ ကောင်းကင်မီးတောက် ကြာပန်း

ယန်ရှင်းဟီ၏ တိုက်ခိုက်မှုသည် ကောင်းကင်လှောင်အိမ် မှော်အင်းကွက် ဖြစ်သော်လည်း သူ၏ ဖျက်ဆီးနိုင်စွမ်းနှင့် ခက်ထန်မှုများသည် ကမ္ဘာအတွင်းမှ ကျန်သော မှော်ကျိန်စာများနှင့် အလွန် ကွဲပြားကာ များစွာပို၍ အစွမ်းထက်သည်။ ဟင်းလင်းပြင် ဘုရားကျောင်းမှ မှော်ကျိန်စာ အများစုပင် သူ့အား ယှဥ်နိုင်မည် မဟုတ်ချေ။

သာမန် ကောင်းကင်လှောင်အိမ် မှော်အင်းကွက်မှ တဆင့် ဤကဲ့သို့သော အံ့အားသင့်ဖွယ် ကောင်းသည့် ပြောင်းလဲမှုမျိုးကို ပြုလုပ်နိုင်သည့် အတွက် သူသည် အမှန်ပင် ထူးခြားလှသည်။

အကယ်၍ ဤသတင်းကသာ ပျံ့သွားပါက နတ်ဘုရား နယ်မြေ တစ်ခုလုံးက အံ့ဩ တုန်လှုပ်သွားကြမည် ဖြစ်သည်။

ယခုအချိန်တွင် ယန်ရှင်းဟီ၏ အင်မော်တယ်ဝိညာဥ် အတွင်းတွင်လည်း ဖျက်ဆီးခြင်း မြင်ကွင်းများက စတင်၍ ပေါ်လာကြသည်။ ဤမှော်ကျိန်စာ၏ အစွမ်းသတ္တိသည် သူ့အပေါ်၌လည်း အကျိုးသက်ရောက်မှု ရှိသည်။

ဤအရာသည် ဤမှော်ကျိန်စာ၏ ထူးခြားသည့် အချက်တစ်ချက် ဖြစ်ပေလိမ့်မည်။ သူသည် သူ့အား အသုံးပြုသူကိုပါ ထိခိုက်စေနိုင်သည့် အစွမ်းရှိသည်။

ဤမှော်ကျိန်စာသည် မျက်စိကျိန်းလုမတတ် အလင်းတန်း တစ်တန်းနှင့် အစွမ်းထက်သော ဖျက်ဆီးနိုင်မှု စွမ်းအားတစ်ခုတို့ဖြင့် တောက်ပလာသည်။

သူ့ခန္ဓာကိုယ် အတွင်းမှ ပြောင်းလဲမှုများနှင့် ယန်ရှင်းဟီ၏ အခြေအနေတို့ကို မြင်ခဲ့ရသော အခါ ရှောင်ယန်အနေဖြင့် သူ့ပြိုင်ဘက်က မည်သို့ တွေးနေသည်ကို အဘယ်မှာ မသိပဲ ရှိမည်နည်း။

ယန်ရှင်းဟီသည် သူ့အား အရောင်ခြောက်မျိုး မီးတောက်ကြာပန်းက တိုက်ခိုက်မည်ကို လုံးဝ အမှုမထားနေတော့ပေ။ သူဂရုစိုက်နေသည်မှာ ရှောင်ယန်အား ဒဏ်ရာ အပြင်းအထန် ရစေခြင်း သို့မဟုတ် သတ်ဖြတ်နိုင်၍ သူ၏ ရည်ရွယ်ချက်များ ပြည့်မြောက်ရန်ပင် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Dove le storie prendono vita. Scoprilo ora