စာစဥ် ၇၄ : အပိုင်း ၁၀
အပိုင်း ၁၄၄၀ : သေမင်းပင်လယ် လှုပ်ရှားလာခြင်း
ပိုင်ယွင်တောင် အပေါ်တွင် ကောင်းဟန်သည် အဖြူနှင့် အနက်ရောင် အလင်းတန်း တိုင်လုံးအား စိုက်ကြည့်နေကာ သူ၏ လက်များဖြင့် မှော်ကျိန်စာများကို အဆက်မပြတ် ထုတ်ဖော်နေခဲ့သည်။
သူ၏ဘေးတွင် ချင်းနင်သူတော်စင်ကလည်း အလားတူပင် ပြုလုပ်နေသည်။ ယုယွမ် သူတော်စင်မယ်သည် သူမ၏ အင်္ကျီလက်စများကို ဝှေ့ယမ်းလိုက်ရာ ဝိုင်းဝန်းသော ရှေးဟောင်းကြေးမုံသည် သူမ၏ လက်အတွင်းမှ ထွက်ပေါ်လာသည်။
ထိုရှေးဟောင်း ကြေးမုံသည် သန္ဓေလောင်း အဆင့်မှ မှော်ရတနာ တစ်ခုသာ ဖြစ်သေးသော်လည်း သူ့ထံမှ ထွက်ပေါ်လာသော အလင်းတန်းများသည် အဖြူနှင့် အနက်ရောင် အလင်းတန်း တိုင်လုံး အတွင်းသို့ ဝင်သွားခဲ့သော အခါ လူသားပုံရိပ် တစ်ခု ပေါ်လာ၍ ပို၍ပို၍ ကြည်လင်လာခဲ့သည်။
သူသည် ရုပ်ရည် ချောမော၍ အပြစ် အနာအဆာ ကင်းမဲ့သော ယောကျ်ားတစ်ယောက် ဖြစ်သည်။ သူသည် နန်းဆန်၍ တင့်တယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေ၍ ညကောင်းကင်မှ လမင်းကဲ့သို့ အေးစက်စွာ လှပနေသော်လည်း တစ်ဦးတည်း ဖြစ်နေခဲ့သည်။
သူ၏ နဖူးအလယ်တွင် တစ်ယောက်သည် လမင်းတစ်စင်း၏ ပုံရိပ်က အဆက်မပြတ် လည်ပတ်နေသည်ကို တွေ့နိုင်သည်။ ထိုလမင်းပုံရိပ်သည် အဆက်မပြတ် ပြောင်းလဲနေရင်း လဆန်းခြင်းနှင့် လဆုတ်ခြင်းတို့၏ ကွဲပြားသော အဆင့်များကို ကိုယ်စားပြုသကဲ့သို့ ဖြစ်နေသည်။
ကြေးမုံအား ကိုင်ဆောင်ထားသော ယုယွမ် သူတော်စင်မယ်မှ လွဲ၍ ကျန်သောသူများ အားလုံးတို့အား ကောင်းဟန်က ဦးဆောင်၍ ထိုသူအား ဦးညွှတ်လိုက်ကြသည်။
ထိုသူ၏ အရိပ်သည် အဖြူနှင့် အနက်ရောင် အလင်းတန်း တိုင်လုံး အတွင်း၌ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၍ အလင်းတန်းများသည် ကောင်းကင်အတွင်းသို့ ထိုးတက်ကာ ပျောက်ကွယ်သွားခဲ့သည်။
ဤအချိန်တွင် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်း၌လည်း တူညီသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ ချန်းရှင်းယု၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်၍ အလင်းတန်း တိုင်လုံး၏ ဖုံးလွှမ်းခြင်းကို ခံနေရသော ကျိုးယွင်ချုံး၏ ခန္ဓာကိုယ်သည် ထိန်းချုပ်၍ မရတော့ပဲ ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း ခေါ်ဆောင်ခြင်း ခံနေရသည်ဟု ခံစားနေရသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...