စာစဥ် ၇၅ : အပိုင်း ၃
အပိုင်း ၁၄၅၃ : သူသေကိုယ်သေ တိုက်ခိုက်ခြင်း
ထိုရှေးဟောင်း စာအုပ်သည် သေမင်းဧကရာဇ်၏ ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ ဖြစ်သော သေခြင်းနှင့် ရှင်ခြင်းစာအုပ်ပင် ဖြစ်သည်။
အစောပိုင်းက လင်းဖုန်းနှင့် တိုက်ခိုက်ခဲ့သော အချိန်တွင် သေမင်းဧကရာဇ်သည် အပြင်းအထန် ဒဏ်ရာရသွား၍ ဤမှော်ရတနာကလည်း လင်းဖုန်းကြောင့် ပျက်စီးသွားခဲ့သည်။ သူသည် ပြိုကွဲလုနီးပါး ဖြစ်နေ၍ သူ၏ စွမ်းအားများကလည်း အကြီးအကျယ် ကုန်ခန်းနေပြီ ဖြစ်သည်။ သူ့အား အသက်ဝင်လာအောင် ပြန်လည်ပြုလုပ်ရန် မလွယ်ကူတော့ပဲ ယခုအချိန်တွင် အတော်လေး အခြေအနေ ဆိုးနေခဲ့သည်။
သို့သော်လည်း သေမင်းဧကရာဇ်၏ လက်အတွင်းတွင် သေခြင်းနှင့် ရှင်ခြင်းစာအုပ်သည် ပြင်းထန်သော အလင်းတန်း တစ်ခုအား စတင်၍ ထုတ်လွှတ်လိုက်သည်။
သူ့ထံမှ အလင်းတန်းများ တစ်တန်းပြီး တစ်တန်း ထွက်ပေါ်လာ၍ ဟင်းလင်းပြင် အတွင်းတွင် ယှက်သန်းသွားကြကာ မှောင်မည်း ငြိမ်သက်နေသော မီးခိုးရောင် ကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းသွားခဲ့သည်။
သေမင်းဧကရာဇ်၏ အင်မော်တယ် ဝိညာဥ်သည် အဖြူ မဟုတ်သလို အနက်လည်း မဟုတ်သည့် တောက်ပသော အလင်းတန်း တစ်ခုဖြင့် လင်းလက်လာကာ သေခြင်းနှင့် ရှင်ခြင်းစာအုပ် ဖန်ဆင်းထားသော ကမ္ဘာအား လွှမ်းခြုံ ဝါးမျိုသွားခဲ့သည်။
သေမင်းဧကရာဇ်၏ ခေါင်းပေါ်တွင် အဖြူနှင့် အနက်ရောင် ဘီးတစ်ဘီးက အဆက်မပြတ် လည်ပတ်လာ၍ သေမင်းဧကရာဇ်သည် သူ၏ လက်တစ်ဘက်ဖြင့် ထိုဘီးကို လှမ်းဆုပ်ကိုင်လိုက်ရာ ချက်ချင်းပင် နှေးကွေးသွားခဲ့သည်။
ဘီးသည် စတင်၍ လည်ပတ်လာသော အခါ ကောင်းကင်သည် ပို၍ ပြင်းထန်စွာ စတင် တုန်ခါလာခဲ့သည်။
ဝိညာဥ်ပင်လယ်မှ ကောင်းကင်အတွင်းတွင် အလင်းတန်း အမြောက်အမြား ပေါ်ထွက်လာ၍ အဆက်မပြတ် လင်းလက်ကာ လည်ပတ်နေခဲ့သည်။
ထိုအလင်းတန်း များစွာတို့သည် အဓိက အလင်းတန်း နှစ်ခုအဖြစ်သို့ ကွဲသွား၍ တစ်ခုချင်းစီသည် သေးငယ်သော အလင်းတန်းများ ထောင်နှင့်ချီ၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့သည် အတူတကွ ပူးပေါင်းသွား၍ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်ဆင်းလိုက်ကာ မျက်စိ ကျိန်းလုမတတ် တောက်ပသော အလင်းတန်း ခါးပတ်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ရှီထျန်းဟောင်၏ နတ်ကောင်းကင် ဝင်္ကပါအား အလွယ်တကူ ထိုးဖောက်သွားခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...