အပိုင်း ၁၁၆၉-၁၁၇၀

309 22 0
                                    

စာစဥ် ၆၀ : အပိုင်း ၁၉

အပိုင်း ၁၁၆၉ : ယန်တီ၏ ပြဿနာများ

ယင်းလော်ရှ၏ အသံသည် အားလုံးတို့၏ နားအတွင်းတွင် ရုတ်တရက် ပေါ်လာ၏။ သူ၏ အသံအနောက်မှ ဓားသွားတစ်လက်သည် အဝေးတွင် စတင်၍ တောက်ပလာသည်။

ထိုဓားသွား အလင်းတန်းသည် မျက်စိကျိန်းလုမတတ် လင်းလက်လှသော်လည်း အာရုံကျစရာ မကောင်းပဲ မသိစိတ်မှ အလွယ်တကူ လျစ်လျူရှုမိနိုင်သည်။

ဆန့်ကျင်ဘက် စွမ်းရည်နှစ်ခုသည် ထိုဓားသွား အလင်းတန်း အပေါ်တွင် ပြီးပြည့်စုံစွာ ရှိနေကြသည်။

ထိုဓားသွား အလင်းတန်းသည် တစ်ချက် လင်းလက်လာ၍ ချက်ချင်း ဆိုသလိုပင် ပြန်လည်၍ ပျောက်ကွယ်သွားသည်။

ပိုးတောင်မာများ အကြားတွင် ဧရာမ အနက်ရောင် ကင်းမြီးကောက် ပိုးတောင်မာ ဘုရင်သည် စတင်၍ ခက်ထန်စွာဖြင့် ဟိန်းဟောက်လိုက်သည်။ သူသည် လွတ်မြောက်ရန် ကြံစည်နေသော်လည်း ထိုဓားသွား အလင်းတန်းသည် သူ့အား လွတ်မြောက်ခွင့် မပြုခဲ့ပေ။

ထိုအနက်ရောင် ကင်းမြီးကောက် ပိုးတောင်မာ ဘုရင်က ဟိန်းဟောက်လိုက်သော အခါ မိစ္ဆာအုပ်ချုပ်သူ အဆင့်ရှိ ပိုးတောင်မာပေါင်း များစွာတို့က လျင်မြန်စွာဖြင့် စုစည်းလာကာ သူ့အား ကာကွယ်ပေးလိုက်ကြသည်။ သူတို့သည် သူ့အစား ထိုတိုက်ခိုက်မှုကို ခံယူပေးနေလိုကြသည်။

သို့သော်လည်း ထိုဓားသွား အလင်းတန်းသည် လျင်မြန်စွာဖြင့် လက်ကနဲ ဖြစ်သွားကာ ထိုပိုးတောင်မာများကို ကျော်ဖြတ်သွား၍ အနက်ရောင် ကင်းမြီးကောက် ပိုးတောင်မာ ဘုရင်အပေါ်သို့ ကျရောက်သွား၏။

ဤပိုးတောင်မာ ဘုရင်သည် အနက်ရောင် ကင်းမြီးကောက် ပိုးတောင်မာတို့၏ ခေါင်းဆောင်ဖြစ်သည်။ ထိုဓားသွား အလင်းတန်းက သူ့အား မတိုက်ခိုက်နိုင်မီ သူသည် ပိုးတောင်မာတို့၏ စုပေါင်းစွမ်းအားများကို စုစည်းနေ၍ ဧရာမ သင်္ကေတကို ဖွဲ့စည်းကာ ခုခံရန် ပြင်ဆင်နေသည်။

သို့သော်လည်း ထိုဓားသွား အလင်းတန်းသည် အလွန်တရာမှ မြန်ဆန်လွန်းလှသဖြင့် သူ့အား တိုက်ခိုက်နိုင်ခဲ့ကာ သူကလည်း မတုံ့ပြန်နိုင်ခဲ့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now