စာစဥ် ၇၃ : အပိုင်း ၁၄
အပိုင်း ၁၄၂၄ : ရောက်သင့်သောသူများ အားလုံး ရောက်လာကြပြီ
မူလနဂါး ဘုရင်သည် လင်းဖုန်း၏ လက်အတွင်းမှ ထီးကြီးအား ကြည့်နေခဲ့သည်။ ဤအချိန်တွင် ထီးသည် သာမန်ပုံသာ ပေါက်နေ၍ ဘာမှ မထူးခြားနေခဲ့ပေ။
သို့သော်လည်း ထီး၏ ထိပ်ဖျားတွင် တစ်ယောက်သည် အနက်ရောင် စေတီတစ်ခုအား တွေ့နိုင်သည်။ သူ့ထံမှ အနက်ရောင် အလင်းတန်းများ ထိုးတက်လာ၍ ထီးအနားတွင် လှည့်လည်နေခဲ့သည်။ သူတို့သည် စကြာဝဠာ၏ မူလ ကစဥ့်ကလျားမှုများနှင့် တူနေသော ဓာတ်ငွေ့တန်းများ အဖြစ်သို့ ပြောင်းသွားကြသည်။
ထီးကို ကြည့်လိုက်ပြီး မူလနဂါး ဘုရင်သည် ထိုက်ရီသူတော်စင်၊ ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်၊ စကြာဝဠာ စကျင်ဗုဒ္ဓနှင့် ကျန်သောသူများအား ကြည့်လိုက်ကာ သူတို့အားလုံးက ဘာတွေးနေသည်ကို ခန့်မှန်းနိုင်ခဲ့သည်။
သူ၏ အကြည့်သည် ပြီးတာနှင့် မဟာဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်များ အပေါ်သို့ ကျသွားခဲ့သည်။ ထို့နောက် သူသည် အောက်သို့ ကြည့်လိုက်ကာ ရွှေရောင်ရေအိုင် အနားရှိ ဟင်းလင်းပြင် ဘုရားကျောင်းမှ ကျင့်ကြံသူများ အပေါ်သို့ အာရုံစိုက်လိုက်သည်။
ရေအိုင်မှ ရေများအနီးတွင် အမှန်ပင် တောက်ပသော ကြေးမုံ တစ်ခုအား တွေ့နိုင်ခဲ့သည်။ အလင်းတန်းများသည် ကြေးမုံအတွင်းမှ တောက်ပနေကြကာ အချိန် ကြာလာသည်နှင့် အမျှ ကြေးမုံသည် ပို၍ပို၍ တောက်ပလာလေသည်။
မူလနဂါး ဘုရင်သည် အမူအရာ ကင်းမဲ့စွာဖြင့် သူ့အရှေ့မှ မြင်ကွင်းအား ကြည့်နေခဲ့သည်။ အန္တိမ ကောင်းကင်ကြေးမုံထံမှ စွမ်းအားများကို ပို၍ပို၍ ခံစားနေခဲ့ရသဖြင့် ထိုကြေးမုံသည် လျင်မြန်စွာဖြင့် သူ၏ စွမ်းအားများကို ပြန်လည် ရရှိနေခဲ့သည်ဟု သူက သိနေခဲ့သည်။
ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်ကဲ့သို့ပင် သူသည် အန္တိမ ကောင်းကင်ကြေးမုံ အပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။
နဂါးများသည် မဟာချင် အင်ပါယာအား ဘိုးဘေးနဂါးကြောင့် မုန်းတီးခဲ့ခြင်း ဖြစ်သည်။ အလားတူပင် သူတို့သည် ဟင်းလင်းပြင် ဘုရားကျောင်းကိုလည်း မုန်းတီးနေခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...