အပိုင်း ၁၂၀၁-၁၂၀၂

256 23 0
                                    

စာစဥ် ၆၂ : အပိုင်း ၁၁

အပိုင်း ၁၂၀၁ : အကျပ်ရိုက်ခြင်း

ရှီကျုံးမောင်သည် နဂါးပလ္လင် အပေါ်တွင် ဆက်ထိုင်နေပြီး သူ၏ လက်များအား အဆက်မပြတ် လှုပ်ရှားနေကာ မှော်ကျိန်စာ တစ်ခုကို ထုတ်ဖော်နေသည်။ အရောင်ငါးမျိုး အလင်းတန်းများက အတူတကွ စုစည်းသွား၍ တောက်ပသော တာအိုသစ်သီး တစ်ခုအား ဖော်ထုတ်လိုက်သည်။

ထိုတာအိုသစ်သီးသည် မဟာ ခန်းမဆောင်၏ မျက်နှာကြက် အပေါ်သို့ တက်သွား၍ အလင်းတန်းများ တစ်တန်းပြီး တစ်တန်း နေရာအနှံ့သို့ ဆန့်တန်းသွားသည်။

မဟာချင် အင်ပါယာ၏ မြို့တော် ရှီးလင်မြို့သည် ဧရာမ မှော်ဝင်္ကပါ အဖြစ်သို့ ပြောင်းသွားကာ မရေမတွက်နိုင်သော မှော်သင်္ကေတ ပုံစံများက အတူတကွ ပေါင်းစည်းသွား၍ မြို့တစ်မြို့လုံးအား လွှမ်းခြုံသွားသည်။

မှော်ဝင်္ကပါ အတွင်းမှ အလင်းတန်းများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားကာ မဟာချင် အင်ပါယာ ပိုင်ဆိုင်သည့် နယ်မြေများ အားလုံးတို့ကို ဖြန့်ကြက်လိုက်သည်။

ဤမှော်ဝင်္ကပါ၏ အဓိက ဗဟိုချက်သည် မဟာချင် တော်ဝင်နန်းတော်ြဖစ်၏။

မဟာချင် အင်ပါယာ၏ တော်ဝင်နန်းတော် အတွင်းတွင် ရွှေရောင်အလင်းတန်း များစွာတို့က မြေကြီးအတွင်းမှ ထွက်လာကာ မရေမတွက်နိုင်သော အလင်းတန်း တိုင်လုံးများအဖြစ် ကောင်းကင်နှင့် မြေကြီးတို့အား ဆက်သွယ်လိုက်သည်။

ခြေသည်းငါးခု ရွှေရောင်နဂါးတစ်ကောင်သည် ကောင်းကင်ပေါ်တွင် လင်းလက်လာကာ ရွှေရောင် အလင်းတန်း အလွှာအကြားတွင် ကခုန်နေသည်။

မဟာ ခန်းမဆောင်၏ အတွင်းမှ မှော်ဝင်္ကပါ၏ ဗဟိုချက်တွင် အဆက်မပြတ် လည်ပတ်နေသော ရွှေရောင် အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ချပ်ပြားဝိုင်း တစ်ခုသည် ဘေးပတ်ပတ်လည်မှ နဂါးစွမ်းအင်များကို စုပ်ယူနေသည်။

သို့သော်လည်း ဤအချိန်တွင် ရွှေရောင်အလင်းတန်း ချပ်ပြားဝိုင်း၏ လည်ပတ်မှုသည် တစ်စုံတစ်ခုကြောင့် အကျိုးသက်ရောက်မှု ရှိနေကာ တုန်ခါနေသည်။ အနီ၊ အစိမ်း၊ အဝါ၊ အနက်နှင့် အဖြူရောင် နဂါးစွမ်းအင်များသည် အဆက်မပြတ် လွင့်ပြယ်သွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now