၁၂၃၃-၁၂၃၄

273 21 0
                                    

စာစဥ် ၆၄ : အပိုင်း ၃

အပိုင်း ၁၂၃၃ : သူတို့နှစ်ယောက်ကို အတူတူစားလို့ မရဘူး

ရှီထျန်းဟောင်၏ လက်သီး အရှိန်အဟုန်သည် ထိန်းမနိုင် သိမ်းမရ ဖြစ်နေခဲ့သည်။ နတ်ဗိုလ်ချုပ် ၁၂ပါးတို့၏ စွမ်းအားများဖြင့် အားဖြည့်ခြင်းကို ခံထားရကာ သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အသွင်သဏ္ဌာန်လေးမျိုး ကမ္ဘာဖျက်ဆီးတူအား ထုတ်ဖော်လိုက်သည်။

ဟင်းလင်းပြင်အား ကြေမွစေပြီး ကစဥ့်ကလျား ဖြစ်စေကာ နင်းဖန်နှင့် ကျွမ်းလုံတို့၏ အကာအကွယ် မိစ္ဆာအလင်းတန်းများကို ချိုးဖျက်၍ သူတို့၏ မိစ္ဆာဝိညာဥ်များကို မတည်ငြိမ်အောင် လှုပ်ခါနိုင်ခဲ့သည်။

ခရမ်းရောင် အလင်းတန်းများ အဆက်မပြတ် လွင့်ပြယ်နေသည့် အပြင် ငွေရောင် အလင်းတန်းများကလည်း ပေါက်ကွဲ အားနည်းသွားခဲ့သည်။

နင်းဖန်သည် ရှည်လျားစွာ ဟိန်းဟောက်လိုက်၍ သူ့ခေါင်းပေါ်မှ အစိမ်းရောင် အလင်းတန်း ပုံစံများက လင်းလက်လာကာ ဟေးဒီးစ်တို့၏ စီးဆင်းနေသော မြူခိုးငွေ့ စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ရှီထျန်းဟောင်အား တိုက်ခိုက်လိုက်သည်။

ထိုအချိန်၌ သူ့ဘေးမှ ကျွမ်းလုံကလည်း အလားတူပင် ဆောင်ရွက်လိုက်သည်။ ဟေးဒီးစ်တို့၏ အကြွင်းမဲ့ စုစည်းခြင်း စွမ်းအင်ကို မျဥ်းကြောင်းတစ်ခုအဖြစ် သိပ်သည်းလိုက်၍ ရှီထျန်းဟောင်ထံသို့ ပစ်လွှတ်လိုက်သည်။

"သူ့ခေါင်းပေါ်က ပြောင်းလဲနေတဲ့ ပုံရိပ်က ဘာများလဲ… ငါက မြင်ဖို့မပြောနဲ့ ကြားတောင် မကြားဖူးဘူး" နင်းဖန်က သူ၏အံကိုကြိတ်၍ မေးလိုက်ရာ ကျွမ်းလုံက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

"ဒီနည်းစနစ်ရဲ့ သဘောတရားက ရှေးဟောင်းခေတ်ရဲ့ နောက်ဆုံးနှစ်တွေမှာ အဖျက်ဆီးခံခဲ့ရတဲ့ လူသား ကောင်းကင်တံခါးဂိုဏ်းရဲ့ တာအိုနဲ့ အနည်းငယ် ဆင်တူနေတယ်… ဒါပေမဲ့ အနည်းငယ်လည်း ခြားနားနေသလိုပဲ… ကြည့်ရတာ သူက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နည်းစနစ်တွေနဲ့ ပေါင်းစည်းထားပြီး ထူးခြားစွာ ပြုပြင်ထားတာနဲ့ တူတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now