စာစဥ် ၇၄ : အပိုင်း ၇
အပိုင်း ၁၄၃၇ : ကောင်းကင်ကိုးလွှာနှင့် ကောင်းကင်ကိုးလွှာတို့ တိုက်ခိုက်ခြင်း
ကောင်းကင်မွေးဖွား သူတော်စင်သည် သူ၏လက်ကို ဆန့်တန်းလိုက်၍ နတ်ဘုရား နယ်မြေ ဆေးမီးဖို၏ အစွန်းကို တွန်းလိုက်သည်။ သာမန်ဟုသာ ထင်နေရသော်လည်း ကြီးမားလှသော စွမ်းအင်များသည် နတ်ဘုရား နယ်မြေအား အံ့ဩ တုန်လှုပ်စေခဲ့သည်။
လော်ချင်းဝူ၏ ဘယ်လက်မှ လက်ချောင်းများသည် ကခုန်နေ၍ ဓားနည်းစနစ် တစ်ခုအား ဆင့်ခေါ်လိုက်ပြီး သူမ၏ ညာလက်မှာမူ ရွှမ်းချီဓားကို ကိုင်ဆောင်ထားကာ ကောင်းကင်မွေးဖွား သူတော်စင်အား ထိုးသွင်းလိုက်သည်။
ထိုထိုးသွင်းလိုက်မှုသည် နတ်ဘုရား နယ်မြေ ဆေးမီးဖို၏ တုန်ခါမှုများနှင့် အတူ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးနှင့် ဟင်းလင်းပြင်တို့အား အုံကြွလာစေခဲ့သည်။
ကောင်းကင်မွေးဖွား သူတော်စင်၏ အရှေ့တွင် မျက်စိ ကျိန်းလုမတတ် အလင်းတန်းတစ်ခု လင်းလက်သွားကာ နတ်ဘုရား နယ်မြေ အတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်များ အားလုံးတို့က အစုပ်ယူခံခဲ့ရ၍ အဆက်မပြတ် စုစည်းလာသည်ဟု ခံစားခဲ့ရသည်။ သူ့အား အရပ်မျက်နှာ ပေါင်းစုံမှ ဝန်းရံထားသည်မှာ ထူထဲသော ဓားအရှိန်အဝါနှင့် ဓားဆန္ဒများပင် ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်မွေးဖွား သူတော်စင်ကဲ့သို့ အစွမ်းထက်သော တစ်စုံတစ်ယောက် အနေနှင့်ပင် ကမ္ဘာကြီး တစ်ခုလုံးက သူ့အား ဆန့်ကျင်နေ၍ သူ့မျက်စိရှေ့မှ ရှုခင်းများက လုံးဝ ပျောက်ကွယ်သွားသည်ဟု ခံစားနေရသည်။ မဟာကမ္ဘာနှင့် နတ်ဘုရား နယ်မြေတို့သည် ဓားရှည်တစ်ချောင်း အဖြစ်သို့ ပြောင်းသွားပြီး သူ့ထံသို့ ထိုးသွင်းလာခဲ့သည်။
ဤခံစားချက်သည် အတိတ်မှ ကောင်းကင်ဖျက်ဆီး ဓားသည် ကောင်းကင်နှင့် မြေကြီးတို့ထံမှ ဓားအရှိန်အဝါများကို စုစည်းပြီး မဟာကမ္ဘာအား သူ၏ ဓားသွားအဖြစ်သို့ အသုံးချခဲ့သည်ကို ပြန်၍ အမှတ်ရစေခဲ့သည်။
တစ်ခုတည်းသော ခြားနားချက်မှာ သူတော်စင် ကောင်းကင်ဓား၏ ကောင်းကင်နှင့် မြေကြီးဓားသည် နူးညံ့သိမ်မွေ့၍ ခမ်းနားထည်ဝါကာ ကျယ်ပြန့်သည်ဟု ခံစားနေရခြင်း ဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...