စာစဥ် ၇၅ : အပိုင်း ၈
အပိုင်း ၁၄၅၈ : မဟာကောင်းကင် တာအိုကျမ်းစာ၏ စတုတ္ထအခန်း
သကျမုနိ၏ လက်ဝါးကို လှန်လိုက်၍ လင်းဖုန်းထံသို့ ရိုက်ချလိုက်ရာ သူ၏ လက်ငါးချောင်းတို့သည် မဟာကမ္ဘာ တစ်ခုလုံးအား ပင့်ထားသကဲ့သို့ ပြန့်ကားလာသည်။ သူ၏ လက်ဝါး ကျဆင်းလာသော အခါ မဟာကမ္ဘာ တစ်ခုလုံးသည် လင်းဖုန်းအပေါ်သို့ ကျရောက်လာသကဲ့သို့ ထင်နေရသည်။
ဟင်းလင်းပြင် အတွင်းတွင် မရေမတွက်နိုင်သော ဗုဒ္ဓ အလင်းတန်းများ ထိုးတက်လာ၍ နတ်ဘုရားများ၊ ဗုဒ္ဓများ နေထိုင်နေသည့် နိဗ္ဗာန်ကမ္ဘာ တစ်ခုလည်း ဖြစ်သော ဗုဒ္ဓနိုင်ငံ တစ်ခုကို ဖော်ပြလိုက်သည်။
ဤဗုဒ္ဓနိုင်ငံ အတွင်းသို့ ဝင်ရောက်ပြီးသွားသော အခါ သကျမုနိ၏ ပုံရိပ်သည် ပျောက်ကွယ်သွား၍ လင်းဖုန်း အရှေ့တွင် ထာဝရ တောက်ပနေသော ဗုဒ္ဓ အလင်းတန်းများသာ ကျန်ခဲ့သည်။
ဤအချိန်တွင် သူ့ပုံရိပ်သည် မူလကောင်းကင် ကမ္ဘာမှ ကွဲပြားသွား၍ အခြား မဟာကမ္ဘာ တစ်ခုထံသို့ ရောက်သွားသကဲ့သို့ ထင်နေရသည်။
သူ၏ သဘာဝလွန် အသိစိတ်၊ စိတ်ဆန္ဒ၊ စွမ်းအားနှင့် စိတ်ဝိညာဥ် စွမ်းအင်များသည် ဝိညာဥ်ပင်လယ်၊ မဟာကမ္ဘာနှင့် မူလကောင်းကင် ကမ္ဘာတို့ထံမှ ကင်းကွာသွားခဲ့သည်။
သူ့အရှေ့မှ ဗုဒ္ဓနိုင်ငံသည် သာမန် လေဟာနယ် အလွှာတစ်ခု၊ သဘာဝလွန် အသိစိတ် စွမ်းအားများဖြင့် ဖန်ဆင်းထားသော ကမ္ဘာငယ် တစ်ခု သို့မဟုတ် အလယ်ကမ္ဘာ တစ်ခု မဟုတ်ပဲ မူလကောင်းကင် ကမ္ဘာ ပြင်ပတွင် သီးသန့် တည်ရှိနေသော တကယ့် မဟာကမ္ဘာ အစစ်တစ်ခုနှင့် တူနေခဲ့သည်။
ကောင်းကင်နှင့် မြေကြီးတို့ အကြားတွင် ဝိညာဥ်ပင်လယ် အတွင်းမှ အလင်းတန်းများနှင့် ဆင်တူနေသော စီးဆင်းနေသည့် အလင်းတန်းများကို တွေ့နိုင်ပြီး အဆုံးမဲ့ မဟာ တာအိုများက ရုပ်ကိုယ်ခန္ဓာ ဖြစ်တည်မှု အစစ်အမှန် တစ်ခုကို ဖော်ပြနေသည်ဟု ထင်နေရသည်။
ဤကမ္ဘာ အတွင်းမှ စိတ်ဝိညာဥ် စွမ်းအင်များသည် အလွန်အမင်း ပြီးပြည့်စုံ၍ စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှုများကလည်း မူလကောင်းကင် ကမ္ဘာနှင့် ကွဲပြားနေသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...