စာစဥ် ၆၀ : အပိုင်း ၁
အပိုင်း ၁၁၅၁ : တိုက်ခိုက်ဖို့ မကြောက်ကြနဲ့၊ ငါတို့က ဒီပစ္စည်းကို ရမှဖြစ်မယ်
ကျူးကျန်း မဟာပဏ္ဍိတသည် ထိုပုလဲအား ကျင့်ကြံပြီးသော အခါ သူမှနေ၍ ထူးခြားဆန်းကြယ်သော အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်လာကာ ကျုံ့ဝင်သွား၍ ဝမ်လင်းနှင့် နင်းဝမ်ကောတို့ ရှိနေသော ပုံရိပ်ယောင် လောကအတွင်းသို့ ဝင်ရောက်လာသည်။
ပြင်ပမှ ယင်ပင်လယ်နှင့် အပြည့်အဝ ဆက်သွယ်ထားကာ မူလက အသွင်မဲ့နေသော ပုံရိပ်ယောင် လောကသည် ရေလှိုင်းများကဲ့သို့ လှိုင်းတွန့်များ ပေါ်လာကာ ဖြည်းဖြည်းချင်း သူ၏ ပုံစံကို ဖော်ပြလိုက်သည်။
ထိုဖြစ်စဥ် အတွင်းတွင် ပုံရိပ်ယောင် လောကသည် စတင်၍ ပြိုကွဲလာသည်။
ဝမ်လင်းနှင့် နင်းဝမ်ကောတို့သည် သူတို့အရှေ့မှ အရာအားလုံးတို့ကို မြင်တွေ့ခဲ့ရာ နှစ်ယောက်စလုံးက အံ့အားသင့်သွားကြသည်။ ဘာပဲပြောပြော သူတို့ရှိနေသော ပုံရိပ်ယောင် လောကသည် အင်မော်တယ် ဝိညာဥ် တတိယ အဆင့်နှင့် မသေဝိညာဥ် တတိယ အဆင့်မှ ကျင့်ကြံသူနှင့် မိစ္ဆာများကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသောအရာ ဖြစ်သည်။
ကျူးကျန်း မဟာပဏ္ဍိတသည် ကာဒီနယ်ကပ်ဘေး စဦးပိုင်း အဆင့်မှ မိစ္ဆာတစ်ကောင် ဖြစ်၏။ သူ၏ မိစ္ဆာစွမ်းအားများသည် ထူးချွန် ပြောင်မြောက်သော်လည်း ပုံရိပ်ယောင်နှင့် အစစ်အမှန်တို့အား ထိန်းချုပ်ခြင်းသည် သူ၏ သန်မာသောအရာ မဟုတ်ချေ။ သူ့အနေနှင့် ဤပုံရိပ်ယောင်အား အလွယ်တကူ ချိုးဖောက်နိုင်ခဲ့သည်မှာ ထိုပုလဲကြောင့်ပင် ဖြစ်ပေလိမ့်မည်။
နင်းဝမ်ကောသည် သူ့အား တစ်ချက်ကြည့်လိုက်၍ သူမ၏ ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ "ဒါက မသေဝိညာဥ် တတိယ အဆင့်က တံလျှပ်ယောက်သွားရဲ့ ယောက်သွားပုလဲ ဖြစ်တယ်"
လင်းဖုန်း၏ အမူအရာများသည် တည်ငြိမ်နေဆဲ ရှိကာ သူ၏ အကြည့်မှာ လင်းလက်လာခဲ့သည်။ "မှတ်တမ်းတွေ အထဲမှာ မသေဝိညာဥ် တတိယ အဆင့်က တံလျှပ်ယောက်သွား တစ်ကောင်ပဲ ရှိပြီး သူက တံလျှပ်ယောက်သွား မဟာပဏ္ဍိတ ဖြစ်တယ်… ဒါပေမဲ့ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေသွားပြီ… သူ့ရဲ့ပုလဲက ရှိနေဦးမယ်လို့ မထင်ခဲ့ဘူး"
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...