အပိုင်း ၁၄၆၃ : နဂါး၊ နဂါး၊ နဂါး

160 18 0
                                    

စာစဥ် ၇၅ : အပိုင်း ၁၃

အပိုင်း ၁၄၆၃ : နဂါး၊ နဂါး၊ နဂါး

ကြွယ်ဧကရာဇ်နှင့် ရှန်းယွမ်တို့ ပြန်လာခဲ့ကြသော အခါ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးက ပြောင်းလဲသွားသည်။

ဝိညာဥ်ပင်လယ်နှင့် သေမင်းပင်လယ်တို့သည် ပို၍ ပြင်းထန်စွာပင် ထကြွလာကြ၍ အချင်းချင်း တိုက်ခိုက်နေကြပြီး မီးခိုးရောင် နယ်နိမိတ်သည် အက်ကွဲသွား၍ ဘာမှ မရှိခြင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

မဟာကမ္ဘာ ထံသို့ ဦးတည်နေသော အက်ကွဲကြောင်း တစ်ခု အပြည့်အဝ ပေါ်လာခဲ့ကာ ထူးခြားသော အခြေအနေ တစ်ခုကို ဖော်ပြလိုက်သည်။

မဟာကမ္ဘာ၊ ဝိညာဥ်ပင်လယ်နှင့် သေမင်းပင်လယ်တို့ အကြားတွင် ဗလာဖြစ်နေသော နယ်မြေတစ်ခု ပေါ်လာခဲ့သည်။

ရှုခင်းများ၊ အရာဝတ္ထုများ၊ သက်ရှိများ၊ စိတ်ဝိညာဥ် စွမ်းအင်များ တစ်ခုမှ မရှိနေပဲ အချိန်ကာလနှင့် လေဟာနယ်တို့ကပင် ဝေဝါးနေခဲ့ကာ ဤဒေသ တစ်ခုလုံးသည် ကမ္ဘာဦး ကစဥ့်ကလျား အခြေအနေနှင့် တူနေခဲ့သည်။

အရပ်မျက်နှာ သို့မဟုတ် အကွာအဝေးတို့ကိုလည်း အာရုံခံ၍ မရနေပဲ အချိန်ကာလကလည်း ကုန်ဆုံးသွားပုံ မပေါ်နေပေ။

ဤကမ္ဘာဦး ကစဥ့်ကလျား အခြေအနေသည် အေးခဲနေသည့်ပုံ ပေါက်နေကာ ပြောင်းလဲမှုများ မဖြစ်လာပဲ သက်ရှိများက မွေးဖွားမလာခဲ့ပေ။

ကြွယ်ဧကရာဇ်နှင့် ရှန်းယွမ်တို့သည် ပေါ်ပေါက်လာခဲ့အပြီးတွင် အချင်းချင်း ကြည့်ခဲ့လိုက်ကြသည်။

သူတို့ နှစ်ယောက်စလုံးသည် ဖျက်ဆီး၍ မရနိုင်သော လောကတွင် ရှိနေကြ၍ သူတို့၏ မူလ အစစ်အမှန် စိတ်ဝိညာဥ်များသည် မဟာကမ္ဘာနှင့် တင်းကျပ်စွာ ဆက်သွယ်နေကာ တစ်ယောက်၏ တည်ရှိနေမှုကို တစ်ယောက်က ကောင်းစွာ အာရုံခံနိုင်ခဲ့သည်။

ရွှေရောင် ကျက်သရေ တိမ်တိုက်များ အတွင်းမှ အကြည့်တစ်ခုသည် ရှန်းယွမ်အပေါ်သို့ ကျရောက်လာခဲ့ကာ သူ့အား အကဲခတ်လိုက်ပြီး နက်ရှိုင်း၍ အားကောင်းသော အသံတစ်ခုကို ထုတ်ဖော်လိုက်သည်။ "အစွန်းရောက် စိတ်ဝိညာဥ် နတ်မျောက်လား"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now