စာစဥ် ၇၃ : အပိုင်း ၁၃
အပိုင်း ၁၄၀၃ : ကောင်းကင်အား ဖွင့်လှစ်သောဓား
စူတောင်အပေါ်မှ ကောင်းကင်သည် ပွင့်ဟသွား၍ တောက်ပသော အလင်းတန်း တစ်တန်း ဆင်းသက်လာကာ စူတောင်၏ အဓိက တောင်ထိပ်အပေါ်သို့ ကျဆင်းလာသည်။ ကောင်းကင်တိုင်လုံး တစ်ခုကဲ့သို့ သူသည် ကောင်းကင်နှင့် မြေကြီးအား ထိုးဖောက်သွားခဲ့သည်။
ထိုအရာသည် ဓားအလင်းတန်း တစ်ခုဖြစ်သည်မှာ သိသာနေသည်။ သူသည် လင်းလက်တောက်ပနေ၍ သူ့အား မြင်ရသူ အားလုံးတို့၏ စိတ်ဝိညာဥ်များ တုန်ခါသွားစေရန် လုံလောက်အောင် အစွမ်းထက်နေသည်။ သူ၏ ဓားဆန္ဒသည် ထက်မြက်လှသော်လည်း ဓားအလင်းတန်း အတွင်းတွင် တစ်ယောက်သည် အလင်းတန်း ပုံရိပ်များစွာ ရှိနေသည်ကို တွေ့နိုင်သည်။ ကြည့်ရသည်မှာ သူ့အတွင်း၌ ကမ္ဘာတစ်ခု ရှိနေသည့်ပုံ ပေါက်နေသည်။
အားလုံးတို့သည် ထိုအရာကို တွေ့ခဲ့ရသော အခါ ထိုအလင်းတန်းသည် ကောင်းကင်အတွင်းရှိ အပေါက်မှ ဖြာကျလာခြင်း ဖြစ်သည်ကို သတိပြုမိလိုက်သည်။ သူ့အတွင်းသို့ ကြည့်လိုက်သော အခါ အလင်းတန်း အလွှာများသည် ပို၍ပို၍ ကြည်လင် ပြတ်သားလာသည်။
သူ့အတွင်းတွင် မဟာကမ္ဘာ တစ်ခုကို ကွယ်ဝှက်ထားကာ အောက်ဘက်မှ နတ်ဘုရား နယ်မြေအား ရင်ဆိုင်နေသကဲ့သို့ ဖြစ်နေသည်။
တစ်စုံတစ်ယောက်သည် အလင်းတန်း အတွင်းမှ လမ်းလျှောက်ထွက်လာခဲ့သည်။ သူသည် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထား၍ သူ၏ မျက်နှာသည် သာမန်ဟုသာ ထင်နေရသည်။ သို့သော်လည်း သူ၏ မျက်လုံးများသည် ဓားတစ်ချောင်းကဲ့သို့ ထက်မြက်သော တောက်ပသည့် အလင်းတန်းဖြင့် လင်းလက်နေသည်။
ကျိဝမ်လွေနှင့် ကျန်သောသူများသည် ထိုမြင်ကွင်းအား မြင်လိုက်ရသော အခါ သူတို့အားလုံးတို့က စိတ်ဓာတ် တက်ကြွလာခဲ့သည်။
သူသည် စူတောင်ဓားဂိုဏ်း၏ ယခင်ခေါင်းဆောင် ဖြစ်၍ ဂိုဏ်းမှ ထွက်သွားခဲ့ကာ ယနေ့တိုင်အောင် အစရှာမရသည့် ရှင်းလုံစန်းပင် ဖြစ်သည်။
ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနှင့် အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတတို့သည် ရှင်းလုံစန်းအား အေးစက်စွာဖြင့် စိုက်ကြည့်နေကြသည်။ သူတို့အတွက် သူသည် ဂျူနီယာ တစ်ယောက်သာ ဖြစ်သည်။ စူတောင်တိုက်ပွဲ အတွင်းတွင် သူသည် ကာဒီနယ်ကပ်ဘေး ပထမ တစ်ခေါက်ကိုသာ ရင်ဆိုင်ခဲ့ရသေးသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...