၁၄၀၇-၁၄၀၈

199 17 0
                                    

စာစဥ် ၇၂ : အပိုင်း ၁၇

အပိုင်း ၁၄၀၇ : ရုတ်တရက် ပေါက်ကွဲခြင်း၊ သေစေနိုင်သော တိုက်ခိုက်မှု

မြေနဂါးဘုရင်၏ မျက်လုံးများတွင် အေးစက်နေသော လူသတ်လိုစိတ်များဖြင့် ပြည့်နေသည်။ သူသည် စိတ်ဓာတ် ပြတ်သားနေ၍ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ သူ၏ ခက်ထန်လှသော တိုက်ခိုက်မှုများသည် ရှီရှင်းယွမ် အပေါ်သို့ တရစပ် မရပ်မနား ကျရောက်လာခဲ့သည်။

ရှီရှင်းယွမ်သည် အောက်စည်းသို့ ရောက်နေခဲ့သော်လည်း သူမ၏ တည်ငြိမ်မှုအား ထိန်းသိမ်းထားကာ သူ့အား ခုခံရန် ကြိုးစားခဲ့သည်။

ဧရာမ နဂါးပုံစံသည် သူမ၏အနားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သော်လည်း သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ်နေသည့်ပုံ ပေါက်မနေခဲ့ချေ။

မြေနဂါးဘုရင်သည် သူမအား ထပ်ဖန်တစ်ခါ တိုက်ခိုက်ခဲ့သော အခါ ရှီရှင်းယွမ်၏ အောက်မှ နဂါး၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာခဲ့သည်။

မြေနဂါးဘုရင်ထက်ပင် ပို၍ကြီးမားသော ခန္ဓာကိုယ်သည် ဟင်းလင်းပြင် အတွင်းတွင် ပြင်းထန်စွာဖြင့် တုန်ခါသွားခဲ့ကာ အားကောင်း၍ ဆန်းကြယ်သော သဘောတရားများ ပါဝင်နေသည့် အစွမ်းထက်သော ရွှေရောင် အလင်းတန်း တစ်တန်း လင်းလက်လာခဲ့သည်။ ဤအရာသည် ရှေးပဝေသဏီ နတ်နဂါးတို့၏ အထူးစွမ်းရည် ဖြစ်သည်။ သူတို့သည် ကမ္ဘာအတွင်းမှ အရာအားလုံးတို့အား ကြီးစိုး လွှမ်းမိုးနိုင်သည့်ပုံ ပေါက်နေသည်။

လှုပ်ရှားနေသော နဂါး ကျက်သရေ တိမ်တိုက်များသည် နဂါး၏ အကြေးခွံများ အကြားမှ စတင် ထွက်ပေါ်လာသည်။ ရှီရှင်းယွမ်၏ မျက်လုံးများသည် အလင်းတန်းများဖြင့် လင်းလက်လာ၍ သူမ၏ မျက်လုံးများသည် နဂါးတစ်ကောင်နှင့် ဆင်တူနေခဲ့သည်။

သူမသည် သူမ၏ ပါးစပ်ကို ဖွင့်၍ ဟိန်းဟောက်လိုက်ရာ ကောင်းကင် ကိုးလွှာတို့က လှုပ်ခါသွားခဲ့သည်။

သူမအောက်မှ နဂါးသည် သူ၏ ပါးစပ်ကို ဖွင့်လိုက်ကာ ကျယ်လောင်စွာဖြင့် ဟိန်းဟောက်လိုက်၍ အားလုံးတို့၏ စိတ်ဝိညာဥ်များကို တုန်ခါစေခဲ့သည်။ ရှင်းလုံစန်း၊ အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတ၊ ထျန်းကန်း ဓားမာစတာနှင့် ဂူကျွန်းတို့ကပင် မသက်မသာ ခံစားခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now