အပိုင်း ၁၄၄၉ : ပစ္စည်းအား ပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ခြင်း

170 19 0
                                    

စာစဥ် ၇၄ : အပိုင်း ၁၉

အပိုင်း ၁၄၄၉ : ပစ္စည်းအား ပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ခြင်း

တစ်ဘက်က ဆုံးရှုံးသွားလျှင် တစ်ဘက်က အကျိုးရမည် ဖြစ်သည်။ တစ်ဦးကို တစ်ဦး လုံးဝ အနိုင်ရနိုင်ရန် လိုအပ်သည့် အချိန်အား တိုင်းတာ၍ ရနိုင်မည် မဟုတ်ချေ။

အထူးသဖြင့် ပြောင်းလဲခြင်း စာအုပ်သည် အရေးကြီးသော အပိုင်းတွင် ပါဝင်နေသည့် အချိန်တွင် ဖြစ်သည်။

မဟာဟင်းလင်းပြင် တံဆိပ်၏ အထောက်အပံ့အား ရနေသော လင်းတောက်ဟန်သည် ရီတာအို အဆောင်လက်ဖွဲ့အား ရရှိခဲ့ အပြီးတွင် သူ၏ စွမ်းအားများက နောက်ထပ် တိုးတက်လာသည်ကို တွေ့ရှိခဲ့ရသည်။ သို့သော်လည်း ဟီဂန် ရွှေရောင်တံတား၏ အကာအကွယ်ဖြင့် ဇူရီသည် သူ၏ တရစပ် ထိုးနှက်မှုများကို ခုခံနိုင်ခဲ့သည်။

လင်းတောက်ဟန်၏ ခေါင်းပေါ်မှ အဆောင်လက်ဖွဲ့က လည်ပတ်နေရင်း အလင်းတန်းများသည် သူ၏ အသိစိတ် ပင်လယ် အတွင်းတွင် စတင်၍ ပေါ်လာခဲ့သည်။ အလင်းတန်းများ ယှက်သန်းနေကြရင်း သူတို့ မျက်လုံးများ အရှေ့မှ မြူခိုးငွေ့များသည် လုံးဝ လွင့်ပြယ်လုနီးပါး ဖြစ်သွားကာ ပုံရိပ်ယောင်နှင့် အစစ်အမှန်တို့ကို ဖော်ပြနိုင်ခဲ့ကြသည်။ အတူတကွပင် သူတို့သည် ဟီဂန် ရွှေရောင်တံတားနှင့် ဇူရီတို့၏ ကိုယ်ပိုင် စွမ်းအားများကို ပြောင်းလဲနိုင်ခဲ့ကြသည်။

ဤအခွင့်အရေးကို အသုံးချ၍ သူသည် ဇူရီ မလှုပ်ရှားခင်တွင်ပင် တုံ့ပြန်နိုင်ခဲ့ကာ သူ့ရန်သူအား အနိုင်ယူနိုင်သည့် အခွင့်အရေးကို ရနိုင်ခဲ့သည်။

အထူးသဖြင့် ရီတာအို အဆောင်လက်ဖွဲ့ လည်ပတ်လာချိန်တွင် သူသည် ဇူရီ၏ ခွန်အားများနှင့် စွမ်းရည်များကို ဖြည်းဖြည်းချင်း ဖော်ထုတ်လာနိုင်ခဲ့၍ သူ့အရှေ့တွင် ကျယ်ပြန့်သော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

လင်းတောက်ဟန် အရှေ့တွင် မဟာကောင်းကင် တာအိုကျမ်းစာ၏ အစွမ်းထက်၍ လျှို့ဝှက်နက်နဲသော သဘောတရားများ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

သူ့တွင် ခိုင်မာသော စိတ်အခြေအနေနှင့် အရာအားလုံးတို့အား ထက်မြက်စွာ နားလည်နိုင်စွမ်း ရှိနေသော်လည်း ဤယာယီမြင်ကွင်းသည် သူ့အား လုံးဝ စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ သူသည် ဆက်လက်၍ မှင်သက်ရှုမော ဖြစ်နေကာ ထူးခြားဆန်းကြယ်သော်လည်း မရှုပ်ထွေးနေသည့် ဤလျှို့ဝှက်ချက်များကို ဆက်လက် လေ့လာလိုနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now