အပိုင်း ၁၄၅၅ : ဝိညာဥ်ပင်လယ် အတွင်းမှ နောက်ဆုံး တိုက်ပွဲ

160 20 0
                                    

စာစဥ် ၇၅ : အပိုင်း ၅

အပိုင်း ၁၄၅၅ : ဝိညာဥ်ပင်လယ် အတွင်းမှ နောက်ဆုံး တိုက်ပွဲ

ဟင်းလင်းပြင် အတွင်းရှိ အက်ကွဲကြောင်းမှ မရေမတွက်နိုင်သော ကပ်ဆိုးနှင့် ကပ်ဘေးများ ထိုးထွက်လာ၍ ကမ္ဘာပျက်တော့မည်ဟု ထင်နေရသည်။

သို့သော်လည်း အကယ်၍ တစ်ယောက်သည် အက်ကွဲကြောင်းမှ တဆင့် လှမ်းကြည့်လိုက်ပါက အခြားတစ်ဘက်မှ ကမ္ဘာသည် အလွန်အမင်း ရှုပ်ထွေးနေသော်လည်း အရာအားလုံးတို့က ငြိမ်သက်နေသည်ကို မြင်နေရသည်။ ထိုဖြစ်စဥ်သည် အမတန်မှ ထူးဆန်းပေသည်။

အက်ကွဲကြောင်း အတွင်းမှ ထွက်လာသော ငရဲကမ္ဘာ ပင်လယ်၏ ကပ်ဆိုးနှင့် ကပ်ဘေးများသည် အလွန်အမင်း စနစ်တကျ ရှိနေခဲ့၍ ကောင်းကင်မွေးဖွား သူတော်စင်နှင့် ကျန်သောသူများသို့ တိုင်အောင် လမ်းကြောင်းတစ်ခုကို ဖန်ဆင်းခဲ့လိုက်သည်။

ကောင်းကင်နှင့် မြေကြီးတို့အား ဖျက်ဆီးနိုင်စွမ်း ရှိနေသည့် ကမ္ဘာဖျက် ကပ်ဆိုးတို့သည် စီးဆင်းနေသော ရေများအတိုင်း ဖြစ်နေခဲ့သည်။

ပုံမမှန်သော ဤမြင်ကွင်းများသည် အလွန်အမင်း ရယ်စရာ ကောင်းနေ၍ ပဋိပက္ခ ဖြစ်နေခဲ့သော်လည်း တစ်ချိန်တည်းတွင် အံ့ဩ တုန်လှုပ်ဖွယ် ကောင်းနေခဲ့သည်။

အားလုံးတို့၏ အရှေ့တွင် ပေါ်လာသော ရုပ်ရည်ချောမောသည့် လူငယ်သည် လင်းဖုန်း၏ တပည့်ကြီး ဖြစ်သော ငရဲမီး ဧကရာဇ် ရှောင်ယန်ပင် ဖြစ်သည်။

ရှောင်ယန်သည် ငရဲကမ္ဘာ ပင်လယ်၏ အက်ကွဲကြောင်းမှ ထွက်လာ၍ သူ၏ အာရုံသည် ကောင်းကင်မွေးဖွား သူတော်စင် အပေါ်သို့ ကျရောက်သွားကာ မျက်မှောင်များကို အနည်းငယ် ကြုတ်လိုက်သည်။ "ဒီတစ်ခေါက်ဟာ ကျုပ်တို့ရဲ့ ဒုတိယ အကြိမ် တိုက်ခိုက်မှု ဖြစ်ပေမဲ့ ပထမဆုံး အကြိမ် မြင်တွေ့ခြင်းပဲ ဖြစ်တယ်"

ကောင်းကင်မွေးဖွား သူတော်စင်သည် ရှောင်ယန်အား ကြည့်လိုက်၍ သူ၏ မျက်နှာအပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

သူသည် ရှောင်ယန်အား လေဟာနယ်မှ တဆင့် တစ်ခေါက် တိုက်ခိုက်ခဲ့ဖူး၍ ယနေ့တွင် သူသည် ရှောင်ယန်နှင့် ထပ်ဖန်တစ်ခါ ပြန်လည် တိုက်ခိုက်ရတော့မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now