အပိုင်း ၁၁၇၇-၁၁၇၈

272 23 0
                                    

စာစဥ် ၆၁ : အပိုင်း ၇

အပိုင်း ၁၁၇၇ : နဂါးဝိညာဥ် အခမ်းအနား

ရှီယု၏ လုပ်ဆောင်ချက်များကို သတိပြုမိသွားသော အခါ ဇူရီ၊ မြေနဂါးဘုရင်နှင့် မိုးပြာရောင် ကောင်းကင် နဂါးဘုရင်တို့၏ အကြည့်များက လေးနက်သွားကြသည်။

မြေနဂါးဘုရင်၏ မျက်လုံးများ အတွင်းမှ ရွှေရောင် အလင်းတန်းများသည် အဆက်မပြတ် လင်းလက်နေ၍ အစိုင်အခဲ တစ်ခုအဖြစ်သို့ စုစည်းနေသည်ဟု ထင်နေရသည်။

သူသည် ရှီရှင်းယွမ် ရှိနေသော အလင်းတန်း ဘောလုံးကို စိုက်ကြည့်နေရင်း ခဏအကြာတွင် သူ၏ အမူအရာက ပြောင်းသွားသည်။ "ဒီဝိညာဥ်ရဲ့ တုန်ခါမှု… ဒါက ပထမနဂါးရဲ့ မျိုးဆက်ရဲ့ လက်ကျန်စိတ်ဝိညာဥ် ပြန်လည် ဝင်စားခြင်းပဲ…"

ရှီရှင်းယွမ်သည် ဤအချိန်တွင် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ကာ အလွန်တရာမှ တည်ငြိမ်နေသည့်ပုံ ပေါက်နေသည်။ သို့သော်လည်း အလင်းတန်း ဘောလုံးအတွင်းတွင် သူမ၏ ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်ပဲ သူမ၏ စွမ်းအားများကလည်း အချုပ်နှောင် ခံထားရသည်။

သူမ ရှိနေသည့် အလင်းတန်း ဘောလုံးကလည်း မြို့နံရံ အတွင်းသို့ ဖြည်းဖြည်းချင်း နစ်ဝင်နေသည်။

ရှီရှင်းယွမ်သည် မသက်မသာ မခံစားနေရပေ။ သူမသည် အင်မော်တယ် နဂါးမြို့တော်၏ အလင်းတန်းများ လွှမ်းခြုံခြင်းကို ခံနေရသော အခါ ရင်းနှီးနေသလို မရင်းနှီးနေဟုလည်း ခံစားနေရသည်။

ရှီရှင်းယွမ်၏ ခန္ဓာကိုယ်သည် စတင်၍ ပြိုကွဲလာကာ သူမ၏ တစ်ကိုယ်လုံးသည် အလင်းတန်းများ အဖြစ်သို့ ပြောင်းသွားသည်။

အသက် ၁၅နှစ်၊ ၁၆နှစ်သာ ရှိနေသည့် မိန်းကလေး တစ်ယောက်၏ အလင်းတန်းပုံရိပ်တစ်ခု ပေါ်လာသည်။ သူမသည် ရှီရှင်းယွမ်က အသက် ၁၅နှစ်၊ ၁၆နှစ် အရွယ်က ပုံစံနှင့် တူနေ၏။ ထိုအရာသည် သူမ၏ အခြေတည် ဝိညာဥ်ဖြစ်သည်။

ထို့အပြင် အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အဖြူရောင်နှင့် အနက်ရောင် စသော အရောင်ငါးမျိုး ရှိနေသည့် အလင်းတန်း နဂါးငါးကောင် လည်ပတ်နေသော နောက်ထပ် ဘီလူးကြီး တစ်ကောင်ကလည်း ရှိနေသည်။ ထိုဘီလူးကြီးသည် သူမက တော်ဝင်နဂါး ငါးကောင်တို့၏ လျှို့ဝှက်ကျမ်းစာကို ကျင့်ကြံခဲ့ အပြီးတွင် ဖန်ဆင်းထားသော စကြာဝဠာ ပုံသဏ္ဌာန်ပင် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now