အပိုင်း ၁၁၈၁-၁၁၈၂

282 22 0
                                    

စာစဥ် ၆၁ : အပိုင်း ၁၁

အပိုင်း ၁၁၈၁ : ဖမ်းဆီးခြင်း

ယွဲ့ဟုန်ယန်၏ လှံတံကို မြင်ပြီးသွားသော အချိန်တွင် အစွန်းရောက်သွား နဂါးဘုရင်၏ ရင်အတွင်း၌ ချက်ချင်း လေးလံသွားသည်။

သူ၏ နဂါးမီးတောက်များသည် ယွဲ့ဟုန်ယန် ထုတ်လွှတ်လိုက်သော လှံတံ၏ ငြိမ်းသတ်ခြင်းကို ခံရနိုင်သည်ဟု ရေးရေးလေး အာရုံခံမိနိုင်သည်။

အစွန်းရောက်သွား နဂါးဘုရင်သည် အမျက်တကြီးဖြင့် ဟိန်းဟောက်လိုက်ကာ သူ၏ မာနနှင့် ခက်ထန်မှုတို့ အားလုံးတို့အား ထုတ်လွှတ်လိုက်သည်။

သူ၏ နဖူးအပေါ်မှ နတ်ဘုရား မူလ အစစ်အမှန် စိတ်ဝိညာဥ် ပုံစံသည် လင်းလက်သွား၍ သူဖန်တီးထားသော နဂါးမီးတောက်များသည် စတင်၍ ကျုံ့ဝင်လာကာ ဖြည်းဖြည်းချင်း သိပ်သည်းလာပြီး သူ့အား မကာကွယ်နေတော့ပဲ ယွဲ့ဟုန်ယန် ထံသို့သာ တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းတွင်ပင် အစွန်းရောက်သွား နဂါးဘုရင်သည် သူ၏ ပါးစပ်ကို ဟလိုက်၍ သူ၏ ကျက်သရေ နဂါးအစွယ် နှစ်ချောင်းတို့ကို ဖော်ပြလိုက်၏။ ထိုအစွယ်များသည် သိပ်သည်းထားသော မီးတောက်များမှ ဖန်ဆင်းထားခြင်း ဖြစ်ကာ ပို၍ပို၍ တောက်ပလာသည်။

လင်းလက်နေသော နဂါးအစွယ် တစ်ခုချင်းထံမှ အလင်းတန်း တိုင်လုံး တစ်ခုအား ထုတ်လွှတ်လိုက်ကာ အနီရောင် အလင်းတန်း ဘောလုံးအပေါ်သို့ ကျရောက်သွားကြသည်။ ပြီးတာနှင့် ထိုထူထဲသော မီးတောက်တိုင်လုံး နှစ်ခုတို့သည် အနီရောင် အလင်းတန်း ဘောလုံးထံမှ ထိုးထွက်လာ၍ ယွဲ့ဟုန်ယန်ထံသို့ တည့်တည့် ဝင်ရောက်လာ၏။

ဤကဲ့သို့ တစ်ခါမှ မကြုံဖူးသည့် အပူချိန်သည် အစွန်းရောက်သွား နဂါးဘုရင်၏ အသန်မာဆုံး တိုက်ခိုက်မှုဖြစ်သည်။ သူ၏ ကိုယ်ပိုင် လုံခြုံမှုအား လုံးဝ လျစ်လျူရှုထားကာ ယွဲ့ဟုန်ယန်အား တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ အများဆုံး သူတို့ နှစ်ဦးနှစ်ဘက်လုံး ဒဏ်ရာ အပြင်းအထန် ရကာ အတူတကွ ကြွေလွင့်သွားကြမည် ဖြစ်၏။

"ဘုန်း"

ဤအချိန်တွင် သူတို့နှစ်ဘက် အပြင်းအထန် တိုက်ခိုက်နေကြသော ဟင်းလင်းပြင်၏ အောက်မှ မြေပြင်သည် ရုတ်တရက် ပြင်းထန်စွာဖြင့် တုန်ခါသွားသည်။ မြေကြီးများက ပေါက်ကွဲသွား၍ ရွံ့နှင့် ကျောက်တုံး အပိုင်းအစများသည် ရွံ့နဂါး တစ်အုပ်အဖြစ်သို့ ပြောင်းသွားကာ ယွဲ့ဟုန်ယန် ထုတ်လွှတ်လိုက်သည့် မရပ်တန့်နိုင်သော မိုးကြိုးနဂါး လှံတံအား တားဆီးလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now