၁၃၂၇-၁၃၂၈

218 19 0
                                    

စာစဥ် ၆၈ : အပိုင်း ၁၇

အပိုင်း ၁၃၂၇ : မိစ္ဆာအားလုံးတို့၏ ခေါင်းဆောင်

ဝမ်လင်းသည် သူ့အရှေ့မှ လမ်းကြောင်း၏ အဆုံးကို ကြည့်ခဲ့သော အခါ မြင်ခဲ့ရသော အဖြူရောင် အလင်းတန်းသည် သူ့အား ထိတ်လန့်စေခဲ့သည်။

သူ၏ဘေးတွင် ဤလမ်းကြောင်း အပေါ်သို့ လျှောက်လှမ်းနေသော လူအားလုံးသည် ထိုအလင်းတန်း လာခဲ့သော နေရာသို့ စိုက်ကြည့်နေကြ၍ သူတို့၏ နောက်ဆုံးပန်းတိုင်သို့ ဖြည်းဖြည်းချင်း ပင်ပန်းစွာ လျှောက်လှမ်းလာခဲ့ကြသည်။

ဝမ်လင်းသည် ထိုလူများကဲ့သို့ပင် သူသည် သီးသန့် ဒိုင်မန်းရှင်း တစ်ခုအတွင်းသို့ ရောက်နေသည်ဟု ခံစားနေရသည်။ သူသည် ဤနေရာသို့ မည်သည့် အနှောင့်အယှက်များ မရှိပဲ လျှောက်လာနိုင်ခဲ့သော်လည်း လမ်းအပေါ်မှ ကျန်သောသူများသည် ပင်ပန်းကြီးစွာ ချီတက်လာခဲ့ကြရသည်။

လူတစ်ယောက်ပြီး တစ်ယောက်ကို ကျော်ဖြတ်လာခဲ့ပြီး ဝမ်လင်းသည် အဖြူရောင် အလင်းတန်းနှင့် အနီးစပ်ဆုံး လူနှစ်ယောက် အနားသို့ ရောက်လာခဲ့သည်။

ထိုလူနှစ်ယောက်တို့သည် ဘေးချင်းယှဥ်၍ ရပ်နေကြ၍ သိသာစွာ ကွဲပြားသော အသွင်ပုံစံများ ရှိကြသည်။ တစ်ယောက်သည် သူ၏ မျက်နှာက တော်ဝင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေ၍ ခမ်းနားထည်ဝါသော ပုံစံရှိသည့် ရဟန်းငယ် တစ်ယောက်ဖြစ်သည်။ သူမှနေ၍ အသိဉာဏ် အနှစ်သာရများဖြင့် ပြည့်နေသော ငြိမ်းချမ်းမှုများကို ထုတ်လွှတ်နေလေသည်။

သူ့နဖူးမှ ဒေါင်လိုက်အက်ကြောင်းသည် စေတန် စွမ်းအားများဖြင့် ပြည့်နေသော်လည်း သူ့ထံမှ ထွက်ပေါ်နေသော ကောင်းမှုကုသိုလ် ဇန်စွမ်းအားများကို မနှောင့်ယှက်နေခဲ့ပေ။

သူ၏ သွေးကြောများတွင် ဗုဒ္ဓဝါဒ၏ ကရုဏာနှင့် စေတန်ဝါဒ၏ ကောက်ကျစ်မှုတို့က ပြီးပြည့်စုံစွာ ပေါင်းစည်းနေခဲ့သည်။

ဝမ်လင်းသည် ထိုရဟန်း၏ မျက်နှာကို မြင်လိုက်ရသော အခါ သူတစ်ခါ မြင်ဖူးခဲ့သော ပုံရိပ်တစ်ခုကို ချက်ချင်း အမှတ်ရလိုက်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Donde viven las historias. Descúbrelo ahora