၁၂၂၃-၁၂၂၄

263 20 0
                                    

စာစဥ် ၆၃ : အပိုင်း ၁၃

အပိုင်း ၁၂၂၃ : အန္တိမ ကောင်းကင်ကြေးမုံကို လုယူခြင်း

ဟင်းလင်းပြင် အတွင်းတွင် ယုကျင်းတောင်၏ ပြင်ပ၌ ရွှေရောင် ဓာတ်ပြားတစ်ချပ်က အဆက်မပြတ် လည်ပတ်နေသည်။ လည်ပတ်နေရင်း သူသည် အနက်ရောင် အလင်းတန်း များစွာတို့အား စုပ်ယူနေ၏။

ရွှေရောင် ဓာတ်ပြားက လည်ပတ်နေသော အခါ သူ့အပေါ်သို့ ကျရောက်လာသော အနက်ရောင် အလင်းတန်းများက ပျောက်ကွယ်သွားသည်။

ရွှေရောင် ဓာတ်ပြား၏ မျက်နှာပြင်ပေါ်တွင် မင်ကဲ့သို့သော အရာတစ်ခု ပေါ်လာ၍ ဓာတ်ပြားအလယ်တွင် ကြည်လင်သော သလင်းကျောက်ကဲ့သို့ ပိတ်မိနေခဲ့သည်။

ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်ကလည်း အတော်လေး အံ့အားသင့်သွား၏။ ဟင်းလင်းပြင် ဘုရားကျောင်းနှင့် ရင်ဆိုင်နေကြသော ခုန်းယွမ်နှင့် အခြား ဟေးဒီးစ် မာစတာများ၏ မျက်နှာများ အပေါ်၌လည်း အံဩ တုန်လှုပ်သော အမူအရာများ ပေါ်လာကြသည်။

"ဒီပစ္စည်း… သူက အတော်လေး ထူးခြားတယ်…" ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာများ ပေါ်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားကာ ရွှေရောင်ဓာတ်ပြား အတွင်းမှ ထူးခြားသော စွမ်းအား သဘောတရားများကို ခံစားနေခဲ့သည်။

ရွှေရောင် ဓာတ်ပြားအတွင်းမှ အနက်ရောင် အရည်များသည် ပိုမို များပြားလာကာ အကယ်၍ ဤအတိုင်း ဆက်ဖြစ်နေပါက ဓာတ်ပြားကို ဖုံးလွှမ်းသွားမည် ဖြစ်သည်။ သို့သော်လည်း ထိုရွှေရောင် ဓာတ်ပြား၏ ဆွဲဆောင်မှုကို ခံခဲ့ရအပြီးတွင် ကမ္ဘာကို ဖျက်ဆီးနိုင်သည့် ဟေးဒီးစ်တို့၏ အန္တိမ ထူးခြားဆန်းကြယ်သော စွမ်းအင်သည် ငြိမ်သက်သွားခဲ့သည်။

ငြိမ်သက်စွာ အမိန့်ပေးလိုက်ရာ ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်၏ မျက်လုံးများ အတွင်းတွင် အနက်ရောင် အလင်းတန်း ပုံစံများစွာ လင်းလက်လာလေ၏။

ရွှေရောင် ဓာတ်ပြား အပေါ်မှ အနက်ရောင် အရည်များသည် ဆူပွက်နေသကဲ့သို့ စတင်၍ လှုပ်ခါလာကြသည်။ သူတို့အတွင်းမှ အနက်ရောင် မြူခိုးငွေ့ အမြောက်အမြားတို့ ပျံတက်လာကြကာ မူလပုံစံ ဖြစ်သော ဟေးဒီးစ်တို့၏ အန္တိမ ထူးခြားဆန်းကြယ်သော စွမ်းအင် အဖြစ်သို့ ပြန်ပြောင်းရန် ပြင်လိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now