၁၃၉၁-၁၃၉၂

204 17 0
                                    

စာစဥ် ၇၂ : အပိုင်း ၁

အပိုင်း ၁၃၉၁ : ကောင်းကင် အကာအကွယ်ထီး အစစ်အမှန်

ထိုက်ရီသူတော်စင်၏ မှော်ကျိန်စာများ ပြောင်းလဲသွားသော အခါ မဟာတာအို အလင်းတန်းများသည် ဟင်းလင်းပြင်အတွင်း၌ လင်းလက်လာကြသည်။ စီးဆင်းနေသော အလင်းတန်းများကလည်း သူ၏ စွမ်းအားများကို ထောက်ပံ့ပေးနေကြသည်။

သူတို့သည် အန္တိမ ကောင်းကင်ကြေးမုံမှ တဆင့် မလုပ်နေပဲ သူ၏ ခန္ဓာကိုယ်အား တိုက်ရိုက် အားဖြည့်ပေးနေကြခြင်း ဖြစ်သည်။

လင်းဖုန်း၊ ဟေးဒီးစ်သားရဲများ၊ စကြာဝဠာ စကျင်ဗုဒ္ဓ၊ မျောက်နှင့် ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတတို့သည် ဤအရာကို တွေ့ခဲ့ရသော အခါ သူတို့၏ မျက်လုံးများ လင်းလက်လာ၍ သူတို့၏ အာရုံတို့အား ထိုက်ရီသူတော်စင် အပေါ်သို့ စူးစိုက်လိုက်ကြသည်။

ထိုက်ရီသူတော်စင်သည် မဟာဟင်းလင်းပြင် ကောင်းကင်ကိုးလွှာ နန်းတော်အား သူ၏ လက်အတွင်းတွင် ကိုင်ထားသည်။ ထိုနန်းတော်သည် အလွှာကိုးလွှာရှိနေ၍ ကျုံးကောင်းကင်၊ ရှန်ကောင်းကင်၊ ချုံးကောင်းကင်၊ ကန်းကောင်းကင်၊ ကြွေကောင်းကင်၊ ကောကောင်းကင်၊ ရှန်းကောင်းကင်၊ စန်ကောင်းကင်နှင့် ချန်ကောင်းကင်တို့အား ဖော်ပြနေကြသည်။

သို့သော်လည်း ဤကောင်းကင် ကိုးလွှာတို့၏ နယ်နိမိတ်များသည် စတင်၍ မကြည်မလင် ဖြစ်လာကာ အသွင်မဲ့ ဓာတ်ငွေ့တန်းများသည် ကောင်းကင်ကိုးလွှာ အားလုံးတို့အား ထိုးဖောက်သွားကြသည်။

အသွင်မဲ့ ဤဓာတ်ငွေ့များသည် ကျုံးကောင်းကင်တံခါးထံမှ စတင် မြင့်တက်လာကာ ရှန်ကောင်းကင် ကြယ်အလင်းတန်းများကို ဖြတ်သန်းသွားခဲ့သည်။ ပြီးတာနှင့် သူသည် ချုံးကောင်းကင် အတွင်းမှ မဟာကမ္ဘာနှင့် ဆက်သွယ်ထားသော နယ်နိမိတ် အက်ကြောင်း၊ ကန်းကောင်းကင် အတွင်းမှ စကြာဝဠာ၊ ကြွေကောင်းကင် အတွင်းမှ လျှပ်စီး၊ ကောကောင်းကင် အတွင်းမှ ခမ်းနားထည်ဝါသော နတ်မြို့တော်၊ ရှန်းကောင်းကင် အတွင်းမှ ကမ္ဘာများနှင့် စန်ကောင်းကင်မှ နတ်လောကတို့ကို ဖြတ်သန်းသွားသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Où les histoires vivent. Découvrez maintenant