စာစဥ် ၆၂ : အပိုင်း ၃
အပိုင်း ၁၁၉၃ : မိမိကိုယ်ကိုယ် ဖောက်ခွဲခြင်း
လင်းဖုန်း၏ ကောင်းကင်ဖျက်ဆီး ဓားချီသည် ပဏ္ဍိက ၁၂ပါး လည်ပတ်နေသော ကောင်းကင်ဝင်္ကပါအား တိုက်ခိုက်လိုက်သည်။ ဧရာမ မိစ္ဆာဝင်္ကပါထံမှ အလင်းတန်းများ လင်းလက်လာ၍ သူ၏ ပထမ တိုက်ခိုက်မှု လှိုင်းလုံးကို ခုခံနိုင်ခဲ့သည်။
ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတသည် သူမက အန္တရာယ် ကြီးမားသော အခြေအနေသို့ ကျရောက်နေသည်ဟု သိနေခဲ့သဖြင့် လင်းဖုန်းနှင့် ဆက်လက် တိုက်ခိုက်နေလိုစိတ် မရှိနေပေ။ သူမသည် ထွက်ပြေးရန်သာ ကြိုးစားလိုက်၏။
သို့သော်လည်း လင်းဖုန်း၏ ဘယ်လက်ထံမှ ဝေဝါးသော အလင်းတန်း တစ်တန်းက ရုတ်တရက် ပေါ်လာသည်။ သူသည် ဖြည်းဖြည်းချင်း အပြင်ဘက်သို့ ပျံ့နှံ့လာ၍ အရာအားလုံးတို့သည် ဝေဝါးပြီး မကြည်မလင် ဖြစ်သွားသည်။ သူသည် မီးခိုးနှင့် အဖြူရောင် ရေးရေးလေး သန်းနေ၏။
သူ၏ မျက်လုံး နှစ်လုံးတို့မှာ ရေကဲ့သို့ တည်ငြိမ်နေပြီး အချိန်မြစ်ရေသည် သူ၏ မျက်လုံး သူငယ်အိမ်များ အတွင်းမှ စီးဆင်းလာသည်။
ထိုဝေဝါးသော အလင်းတန်းသည် ကောင်းကင်အစွန်းရောက် စကြာဝဠာ အလင်းတန်းပင် ဖြစ်၏။ သူ၏ တိုက်ခိုက်မှုကို ခံခဲ့ရသော ထူးခြားဆန်းကြယ်သော အချိန်ကာလ လေဟာနယ် လည်ပတ်ခြင်း ဝင်္ကပါသည် စတင်၍ နှေးကွေးလာကာ နောက်ဆုံးတွင် ဟင်းလင်းပြင် အတွင်း၌ ရပ်တန့်သွားသည်။
ဝေဝါးသော အလင်းတန်းနှင့် ထိတွေ့ခဲ့သည့် နေရာတွင် အရာအားလုံးတို့က တိတ်ဆိတ်ငြိမ်သက် သွားကြသည်။ လှုပ်ရှားမှုမှ ရပ်တန့်မှု အဖြစ်သို့ ပြောင်းသွားကာ အရာအားလုံးတို့သည် ပန်းချီကားချပ် အလားဖြစ်သွား၏။
သူသည် အစစ်အမှန် ဖြစ်နေသော်လည်း အသက်လက္ခဏာများ မရှိကြတော့ပေ။ သူတို့သည် အတုအယောင်များသာ ဖြစ်ကြသည်ဟု ကောင်းစွာပြောနိုင်သည်။
ထူးခြားဆန်းကြယ်သော အချိန်ကာလ လေဟာနယ် လည်ပတ်ခြင်း ဝင်္ကပါသည် ဆက်လက် လည်ပတ်နေခဲ့ကာ ကောင်းကင်အစွန်းရောက် စကြာဝဠာ အလင်းတန်းထံမှ လွတ်မြောက်နိုင်ရန် ကြိုးစားနေခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...