အပိုင်း ၁၄၂၃ : ဝိညာဥ်ပင်လယ် အတွင်းသို့ အားလုံးတို့က ရောက်လာကြသည်

191 18 0
                                    

စာစဥ် ၇၃ : အပိုင်း ၁၃

အပိုင်း ၁၄၂၃ : ဝိညာဥ်ပင်လယ် အတွင်းသို့ အားလုံးတို့က ရောက်လာကြသည်

ဝိညာဥ်ပင်လယ် အတွင်းသို့ ဝင်လာသော ရွှေရောင်နဂါးသည် နဂါးတို့၏ လက်ရှိခေါင်းဆောင် ဖြစ်သော မူလနဂါး ဘုရင်ပင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်မှ မိစ္ဆာ အရှိန်အဝါများသည် ရှန်နဂါးဘုရင် သို့မဟုတ် မြေနဂါးဘုရင်တို့ထက် သိသိသာသာ ပိုအားကောင်းနေသော်လည်း ယခုအချိန်တွင် နှေးကွေးနေသည်ဟု ထင်နေရသည်။

သူ၏ ခန္ဓာကိုယ် အပေါ်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာတစ်ခုကို တွေ့နိုင်ခဲ့ကာ သူ့အား တွေ့ခဲ့သူ မှန်သမျှသည် သူတို့၏ ရင်များအတွင်းမှ စိမ့်ကနဲ ဖြစ်သွားကြသည်။ နဂါးများ၏ လက်ရှိခေါင်းဆောင်အား ဒဏ်ရာရစေခဲ့သူမှာ ရွှမ်းလီပင် ဖြစ်သည်။

မဟူရာ ပင်လယ် အတွင်းတွင် မူလနဂါး ဘုရင်သည် ဤမျှအထိ ပြင်းထန်စွာ ဒဏ်ရာရခဲ့မည် မဟုတ်သော်လည်း သူသည် မဟူရာ ပင်လယ် အတွင်းမှ ထွက်လာ၍ မဟာကမ္ဘာ အတွင်းသို့ ရောက်လာခဲ့သော အခါ ကောင်းကင်ဖျက်ဆီး ဓား၏ ခက်ထန်လှသော စွမ်းအားများကို မခုခံနိုင်ခဲ့ပေ။ မဟူရာ ပင်လယ်၏ စွမ်းအားများကို တစ်စိတ်တစ်ပိုင်း အသုံးပြုနိုင်သော်လည်း သူသည် ရွှမ်းလီကြောင့် ဒဏ်ရာ ရသွားခဲ့သည်။

သူသည် အချိန်တိုလေး အတွင်းတွင် ပြန်လည် သက်သာနိုင်မည် မဟုတ်သော်လည်း ဝိညာဥ်ပင်လယ် အတွင်းသို့ လာခဲ့သေးသည်။

ရန်သူ အများစုအား တိုက်ခိုက်ရာတွင် သူ၏ ဒဏ်ရာသည် ဘာမှဖြစ်မည် မဟုတ်သော်လည်း အကယ်၍ သူသည် လင်းဖုန်း၊ အန္တိမ ကောင်းကင်ကြေးမုံ သို့မဟုတ် ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်တို့နှင့် တိုက်ခိုက်ခဲ့ပါက သူ၏ ဒဏ်ရာသည် ကြီးမားသော ပြဿနာ တစ်ခု ဖြစ်လာနိုင်ပြီး သူ၏ အားနည်းချက် တစ်ခု ဖြစ်လာနိုင်သည်။

သို့သော်လည်း မူလနဂါး ဘုရင်၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အကြည့်တစ်ခုအား တွေ့နိုင်သည်။ သူသည် ဝိညာဥ်ပင်လယ် အတွင်းသို့ ဝင်ရောက်ပြီးကတည်းက ထိုနေရာတွင်သာ နေနေခဲ့ကာ ဘာမှ မလုပ်ခဲ့ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now