စာစဥ် ၇၅ : အပိုင်း ၇
အပိုင်း ၁၄၅၇ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်နှင့် ဗုဒ္ဓဝါဒ ခေါင်းဆောင်တို့ တိုက်ခိုက်ကြခြင်း
တစ်ဘက်မှသူသည် နတ်ဘုရား နယ်မြေ တစ်ခုလုံးအား အုပ်စိုးခဲ့သော လူသားဧကရာဇ် တစ်ပါး ဖြစ်ခဲ့၍ နောက်ဆုံးတွင် ထီးနန်းစွန့်ကာ ရဟန်းပြုသွားသော သူတစ်ယောက် ဖြစ်သည်။ သူသည် ဗုဒ္ဓဝါဒကို တည်ထောင်ခဲ့ကာ သူ၏ အမွေအနှစ်များကို နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းခဲ့သူ ဖြစ်ပြီး ရှေးဟောင်းခေတ်မှ စ၍ ဗုဒ္ဓဝါဒအား သက်ဝင်ယုံကြည်သူပေါင်း မြောက်မြားစွာ ရှိခဲ့သည်။
သူသည် ရှေးဟောင်းခေတ်တွင် သေမင်းပင်လယ် အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ နောက်ဆုံးတွင် ယနေ့၌ မဟာကမ္ဘာသို့ ပြန်ရောက်လာခဲ့လေပြီ။
အခြားတစ်ယောက်မှာမူ ယနေ့ခေတ်တွင် မယုံနိုင်လောက်အောင် မြင့်တက်လာခဲ့၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား တည်ထောင်ခဲ့သောသူ ဖြစ်သည်။ ဆယ်စုနှစ် အနည်းငယ် အတွင်းတွင် သူသည် အခြားသူများ နှစ်ထောင်ပေါင်းများစွာ မလုပ်နိုင်ခဲ့သော အရာကို လုပ်ဆောင်နိုင်ခဲ့ကာ နတ်ဘုရား နယ်မြေ အတွင်းတွင် အပြည့်အဝ ကြီးစိုး လွှမ်းမိုးထားနိုင်ခဲ့သည်။
ပထမ တစ်ယောက်သည် ဗုဒ္ဓဝါဒ ခေါင်းဆောင်ဖြစ်၍ နောက်တစ်ယောက်သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ဖြစ်သည်။ ယနေ့အချိန်တွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် နှစ်ယောက်တို့သည် ဝိညာဥ်ပင်လယ် အတွင်း၌ တစ်ယောက်ကို တစ်ယောက် စိန်ခေါ်ကြတော့မည် ဖြစ်သည်။
သကျမုနိ၏ ကျင့်ကြံမှုသည် စကြာဝဠာ စကျင်ဗုဒ္ဓထက် များစွာပို၍ အထက်တန်း ကျသည်။
သူသည် သူ၏ လက်ဝါးအစုံကို စုစည်းလိုက်သော အခါ သူ၏ လက်ခလယ် နှစ်ချောင်းတို့သည် ဓားများကဲ့သို့ ဖြောင့်မတ်နေပြီး သူ၏ လက်ညှိုး နှစ်ချောင်းတို့သည် လက်ခလယ်များ၏ အနောက်တွင် ဆန့်တန်းနေခဲ့သည်။
ဤအရာသည် ဗီရိုကာနာ ဇန်လက်ဝါး လက်သီး၏ နောက်ဆုံး ပုံစံဖြစ်သော ဗဂျရာ လွတ်မြောက်မှု လက်ဝါးဖြစ်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...