အပိုင်း ၁၄၃၄ : ကောင်းကင်မွေးဖွား သူတော်စင်

204 20 0
                                    

စာစဥ် ၇၄ : အပိုင်း ၄

အပိုင်း ၁၄၃၄ : ကောင်းကင်မွေးဖွား သူတော်စင်

စွမ်းနီ မဟာပဏ္ဍိတသည် ကျိုးယွင်ချုံးနှင့် ယင်းလော်ရှတို့ လက်ချက်ကြောင့် သေလုမျောပါး ဒဏ်ရာ ရသွားခဲ့ပြီး သူ၏ မိစ္ဆာဝိညာဥ်နှင့် မူလ ခန္ဓာကိုယ်တို့ကလည်း အပြင်းအထန် ထိခိုက်သွားခဲ့သည်။

ခရမ်းရောင် မီးခိုး မြေမိုးကြိုးကလည်း ဟန်ရန်၏ ဓားလောကအား ဖောက်ခွဲနိုင်ခဲ့ကာ ဟန်ရန် ကိုယ်တိုင်ကို ဒဏ်ရာ ရရှိစေခဲ့သော်လည်း ဤအရာသည် စွမ်းနီ မဟာပဏ္ဍိတ အတွက် နှစ်သိမ့်စရာ မဟုတ်ခဲ့ချေ။

အဘယ်ကြောင့် ဆိုသော် အကယ်၍ သူသည် ဟန်ရန်အား တစ်ခါတည်း အပြတ် မရှင်းနိုင်ခဲ့ပါက ဟန်ရန်သည် ဒဏ်ရာ အပြင်းအထန် ရရှိသွားသော်လည်း သူ၏ တိုက်ခိုက်နိုင်မှု စွမ်းအားများက ယာယီ တိုးတက်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ဤတိုက်ခိုက်မှု အပြီး၌ ဟန်ရန် ရရှိခဲ့သော ဒဏ်ရာများသည် သူ၏ ဒဏ်ရာများလောက်ပင် မပြင်းထန်ချေ။

ပြင်းထန်စွာ အတိုက်ခိုက်ခံခဲ့ရကာ ဒဏ်ရာ အကြီးအကျယ် ရရှိသွားခဲ့သဖြင့် စွမ်းနီ မဟာပဏ္ဍိတ၏ တိုက်ပွဲ စွမ်းရည်များသည် ပို၍ ကျဆင်းလာခဲ့သည်။

ယခုအချိန်တွင် သူ၏ အသက်ကို စွန့်၍ တိုက်ခိုက်လျှင်ပင် အကျိုးသက်ရောက်မှု သိပ်ရှိတော့မည် မဟုတ်ချေ။ ဤကဲ့သို့သော အခြေအနေ အထိ ရောက်နေခဲ့သဖြင့် စွမ်းနီ မဟာပဏ္ဍိတကဲ့သို့ မာနကြီးကာ ထောင်လွှားတတ်သော သူတစ်ယောက်ကပင် မျှော်လင့်ချက် ကင်းမဲ့နေသကဲ့သို့ ခံစားခဲ့ရသည်။

ဟန်ရန်၏ အင်မော်တယ် ဝိညာဥ်သည် လူသားပုံစံ အဖြစ်သို့ ပြန်ပြောင်းသွားကာ ဖြူဖျော့နေသော မျက်နှာ၊ အနည်းငယ် တုန်ခါနေသော ခန္ဓာကိုယ်ဖြင့် သူ၏ အင်မော်တယ် ဝိညာဥ်ဖြင့် ဖန်ဆင်းထားသော ရုပ်ကိုယ်ခန္ဓာသည် အမာရွတ်များ ပိုတိုးလာခဲ့သည်။

သို့သော်လည်း ပြောင်းပြန် သွေးစွမ်းအင်သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဆူပွက်နေကာ သူ့အား ဝန်းရံထားသော မှော်ကျိန်စာ စွမ်းအင်နှင့် ဓားလောကအား ပို၍ အားကောင်းလာစေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now