၁၂၈၁ မှ ၁၂၈၅

338 25 0
                                    

စာစဥ် ၆၆ : အပိုင်း ၁၁

အပိုင်း ၁၂၈၁ : မဟာကျိုး အင်ပါယာ၏ ကံကြမ္မာကို ပြောင်းလဲခြင်း

ယခုအချိန်တွင် ထျန်းကျင်း၏ အပေါ်တွင် မရေမတွက်နိုင်သော ခရမ်းရွှေရောင် နဂါးများက ကခုန်နေကြ၏။ သူတို့သည် ဘက်ပေါင်းစုံမှ ထျန်းကျင်းအပေါ်သို့ စုစည်းလာကြပြီး သူတို့၏ ကြီးမားလှသည့် နဂါးစွမ်းအားများသည် ထျန်းကျင်းအား ရွှေရောင် သန်းသွားစေသည်။

မြို့၏ အကာအကွယ် ဝင်္ကပါကို အသက်သွင်းလိုက်ကာ ကြီးမားလှသည့် အရှိန်အဝါ တစ်ခုက ကောင်းကင်အပေါ်သို့ ထိုးတက်သွားသည်။

ထျန်းကျင်း၏ အပေါ်တွင် တော်ဝင်နန်းတော် တစ်ခုရှိနေသည်။ ယခုအချိန်တွင် နန်းတော်အတွင်း၌ မှူးမတ်များစွာနှင့် အရာရှိများစွာ ရှိနေကြသည်။ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများကလည်း ရှိနေသည်။

သူတို့သည် ဝင်္ကပါပုံစံဖြင့် ရပ်နေကြ၍ အဓိက ခန်းမဆောင်၏ အရှေ့တွင် နေရာယူထားကြသည်။ ထိုနယ်မြေ၏ အရွယ်အစားသည် ကြယ်စင် ကောင်းကင်ကဲ့သို့ ကျယ်ပြန့်လှ၏။ လူပေါင်း ထောင်နှင့် သောင်းနှင့်ချီ၍ စုစည်းနေကြသော်လည်း ကျပ်တည်းနေခြင်း မရှိပေ။

ထိုလူများ အတွင်းတွင် အခြေခံအုတ်မြစ် အဆင့်နှင့် ချီသာဝက အဆင့်မှ ကျင့်ကြံသူများပင် ပါနေကြသည်။ သူတို့အနက်မှ အသန်မာဆုံးသောသူများသည် အခြေတည်ဝိညာဥ် အဆင့်တွင်သာ ရှိနေသည်။

အလယ်အလတ်နှင့် အဆင့်နိမ့်သော ကျင့်ကြံသူတို့သည် အရေအတွက် များစွာ ရှိသော်လည်း အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အရေအတွက် များပြားခြင်းသည် အရည်အချင်းကို အနည်းငယ် တိုးတက်လာစေနိုင်သော်လည်း သူတို့အကြားမှ အရည်အချင်း ကွာခြားခြင်းသည် အလွန်အမင်းကို ကြီးမားလှသည်။

အရေအတွက် များပြားခြင်းသည် ဤအားနည်းချက်ကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဤကျင့်ကြံသူများသည် အတူတကွ စုစည်းနေကြကာ သူတို့၏ စွမ်းအားများကို ပေါင်းစည်းလိုက်ကြသော အခါ ကမ္ဘာကိုပင် ပြောင်းလဲသွားနိုင်သော အသွင်ပြောင်းလဲမှု တစ်ခုကို ဖန်ဆင်းနိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now