စာစဥ် ၅၉ : အပိုင်း ၁၁
အပိုင်း ၁၁၄၁ : ကျုပ်ဆရာရဲ့ ရန်သူဟာ ကျုပ်ရန်သူ ဖြစ်တယ်၊ တခြား ဘာအကြောင်းရင်းမှ မလိုဘူး
ဗုဒ္ဓ၏ နတ်ဘုရား နယ်မြေသို့ ပြန်လာခြင်းသည် ဗုဒ္ဓ ကျင့်ကြံသူများ အားလုံးတို့ကို အလွန်အမင်း ဝမ်းမြောက်စေသည်။ သူတို့၏ ယခင်မှ ခံစားခဲ့ရမှုများကို လုံးဝ မေ့သွားကြသကဲ့သို့ ဖြစ်သည်။
လျင်မြန်စွာနှင့်ပင် နတ်ဘုရားနယ်မြေ အတွင်းမှ ဗုဒ္ဓ ကျင့်ကြံသူတိုင်းသည် စကြာဝဠာ စကျင်ဗုဒ္ဓကို ရှာဖွေရန် အရှေ့သို့ ဦးတည်၍ ခရီးထွက်ခဲ့ကြသည်။
ဗုဒ္ဓဝါဒကို သက်ဝင်ယုံကြည်ကြသူ သာမန်သေမျိုးများသည်ပင် သူတို့၏ ရင်အတွင်းမှ ဆန္ဒများ ပြင်းပြလာကာ အရှေ့သို့ ခရီးထွက်ချင်နေကြသည်။ အကယ်၍ မဟာကျိုး အင်ပါယာ၊ မဟာချင် အင်ပါယာနှင့် အခြား အင်အားစုများက သူတို့အား ထိန်းသိမ်းထားခြင်း မရှိခဲ့ပါက သူတို့သည် နတ်ဘုရားနယ်မြေ အတွင်းမှ မိစ္ဆာများ၏ အန္တရာယ်ကို လုံးဝ လျစ်လျူရှုကာ ဗုဒ္ဓ၏ ခြေတော်ရင်း၌ ဝပ်တွားပူဇော်ရန် အရှေ့ဘက်သို့ သွားခဲ့ကြမည် ဖြစ်သည်။
နတ်ဘုရားနယ်မြေ အတွင်းတွင် အခြား အင်အားစုများက ဗုဒ္ဓဘာသာဝင်တို့၏ ကြီးမားသော လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။ အချို့သူများက ထိုသူတို့ထံမှ တဆင့် စကြာဝဠာ စကျင်ဗုဒ္ဓ၏ တည်နေရာကို နောက်ယောင်ခံနိုင်ရန် ကြံစည်နေကြသည်။
ဝမ်လင်း၊ ယန်ချင်နှင့် ကျန်သောသူများသည် ခွန်းလွန်တောင်ရှိ မှော်ဝင်္ကပါမှ တဆင့် ယင်ကျိုးနတ်တောင် ထံသို့ သွားလိုက်ကြသည်။ ယင်ကျိုးမှနေ၍ သူတို့သည် ယင်ပင်လယ်ကို ထွက်ခွာ၍ အရှေ့ပင်လယ် အပေါ်တွင် ပေါ်လာကြသည်။
သူတို့သည် ရှာဖွေရန် မကြိုးစားခဲ့ကြပဲ လှုပ်ရှားနေသော မိုးပြာရောင် ရေလှိုင်းများ အပေါ်တွင်သာ ငြိမ်သက်စွာဖြင့် ရပ်နေကြသည်။
သိပ်မကြာမီ ပင်လယ်နှင့် ကောင်းကင်တို့ ဆုံစည်းရာ မိုးကုပ်စက်ဝိုင်း အပေါ်၌ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားကာ လျင်မြန်စွာဖြင့် ကောင်းကင်နှင့် ပင်လယ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူတို့အား သလင်းကျောက် တစ်ခုကဲ့သို့ တောက်ပစေခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...