စာစဥ် ၆၉ : အပိုင်း ၅
အပိုင်း ၁၃၃၅ : လွတ်မြောက်ရန် ခက်ခဲသည်
ဝမ်လင်းအား ကြည့်နေရင်း ယွင်ချန်း၏ နှလုံးသားက အေးစက်သွားသည်။
ယခုအချိန်တွင် သူကပို၍ အစွမ်းထက်သောသူ ဖြစ်သော်လည်း သူ့ပြိုင်ဘက်၏ ပစ်မှတ်သည် သူမဟုတ်ပဲ နင်းဖန်သာ ဖြစ်ခဲ့သည်။
မေးစရာပင် မလိုပဲ သူ့ရန်သူ၏ ရည်ရွယ်ချက်သည် သူတို့ နှစ်ယောက်စလုံးကို ဤနေရာတွင် ခေါ်ထားလိုနေခြင်း ဖြစ်သည်ကို သူသိလိုက်သည်။
ဤအရာသည် ဝမ်လင်းနှင့် ယွင်ချန်းတို့ တိုက်ခိုက်နေစဥ် နင်းဖန်က လွတ်မြောက်သွားမည်ကို တားဆီးခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းသည် ယခုကလေးတင် အမတန်မှ သန်မာသည့် မသေဝိညာဥ် တတိယ အဆင့်မှ ဟေးဒီးစ်တစ်ကောင်အား သတ်ဖြတ်ခဲ့သူနှင့် မတူနေပဲ ဟန်ပန် အမူအရာ ကင်းမဲ့နေခဲ့သည်။
ပြီးတာနှင့် သူသည် ယွင်ချန်းထံသို့ ရေခဲတမျှ အေးစက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝမ်လင်းသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ပြီးသွားသော အခါ ရွှေရောင်ဗဟိုချက်နှင့် အခြေတည်ဝိညာဥ် အဆင့်တွင် ရှိခဲ့စဥ်ကကဲ့သို့ အေးစက် ကြမ်းတမ်းခြင်း မရှိတော့ပေ။ သူ့အနေဖြင့် သာမန်လူသား တစ်ယောက်၏ အငွေ့အသက်များကို ပြန်လည် ရရှိခဲ့သော တစ်စုံတစ်ယောက်နှင့် တူလာခဲ့သည်။
သူသည် သူ၏ မှော်ကျိန်စာများကို အသုံးမပြုနေသော အချိန်တွင် သာမန် လူတစ်ယောက်နှင့်သာ တူနေပြီး တိုက်ပွဲတွင် အစွမ်းအထက်ဆုံး မှော်ကျိန်စာများကို အသုံးပြုနေသည့် အချိန်တွင်ပင် ရက်စက် ကြမ်းကြုတ်နေသည့်ပုံ ပေါက်မနေချေ။
ယနေ့တွင် ရှားပါးလှစွာဖြင့် သူ၏ အေးစက် ကြမ်းကြုတ်သော အရှိန်အဝါသည် ယခင်နေ့များကဲ့သို့ ဖြစ်လာခဲ့သည်။
ဤအရာသည် လျှိုကြီးကြောင့် ဖြစ်သည်။ သူနှင့် နင်းဝမ်ကောတို့ တံခါးပိတ် ကျင့်ကြံနေသည့် အချိန်တွင် လျှိုကြီး အနစ်နာခံခဲ့သော အရာများကို ဝမ်လင်းအနေဖြင့် အဘယ်မှာ မသိပဲ ရှိနိုင်အံ့နည်း။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...