အပိုင်း ၁၁၄၉ - ၁၁၅၀

308 22 0
                                    

စာစဥ် ၅၉ : အပိုင်း ၁၉

အပိုင်း ၁၁၄၉ : ပုံရိပ်ယောင်နှင့် အစစ်အမှန်တို့သည် ခွဲခြားရ ခက်ခဲလှသည်

ယင်ပင်လယ်၏ အပေါ်မှ လေဟာနယ်သည် အောက်ဘက်မှ ပင်လယ်ကဲ့သို့ စတင်၍ ကြေမွသွားခဲ့သည်။ သူတို့၏ ဘေးပတ်ပတ်လည်မှ အဖြူရောင် တိမ်တိုက်များကပင် စတင်၍ ပျက်စီးလာကြ၏။

သူမ၏ဘေးမှ ဝမ်လင်းသည် ခံစားချက် ကင်းမဲ့နေကာ အိမ်မက်ကဲ့သို့ ပူဖောင်းအဖြစ် ပုံရိပ်ယောင်သဏ္ဌာန် ပြောင်းသွားကာ ဖြည်းဖြည်းချင်း အက်ကွဲသွားသည်။

ထိုမြင်ကွင်းကို ကြည့်နေရင်း နင်းဝမ်ကောသည် အသက်ပြင်းပြင်း တစ်ချက်ရှူ၍ သူမ၏ မျက်လုံးများကို ပိတ်လိုက်သည်။

သူမသည် မျက်စိများကို ထပ်ဖန်တစ်ခါ ပြန်ဖွင့်လိုက်သော အခါ သူမ၏ အရှေ့မှ အရာအားလုံးတို့က ပြောင်းလဲသွားကြသည်။

သူမသည် ယင်ပင်လယ် အတွင်းတွင် ရှိနေသေးသော်လည်း သူမသည် ယခင်က မီးခိုးရောင် ဝတ်ရုံ အမျိုးသမီးနှင့် အတူ ရှိနေသော နေရာ မဟုတ်တော့ချေ။ ထို့အစား သူမသည် အစ ပထမကတည်းက ရှိနေသော နေရာတွင်သာ ရှိနေသည်။

သူမ ယခင်နေခဲ့သော ပုံရိပ်ယောင် လောကကလည်း စတင်၍ ပြောင်းလဲသွားကာ အရာအားလုံးတို့က ဝေဝါးသွားကြပြီး သူမအနေဖြင့် မခွဲခြားနိုင်တော့ပေ။

နင်းဝမ်ကောသည် တစ်စုံတစ်ခုက သူမအား ဖိညှစ်နေခဲ့သည့် အတိုင်း သူမ၏ အမြင်၊ အကြားနှင့် အခြား အာရုံများသည် အားနည်းလာသည်ဟု ခံစားနေသည်။

သူမသည် ရေအတွင်းသို့ နစ်မြှုပ်နေ၍ သူမအရှေ့မှ အရာအားလုံးတို့သည် အဖြူနှင့် အနက်သာ ရှိနေပြီး အခြားအရောင်များ မရှိပဲ တိတ်ဆိတ်နေသည်။ သူမသည် သူမ၏ ပတ်ပတ်လည် လေဟာနယ်မှ အဖြတ်တောက် ခံထားရသည်ဟု ခံစားနေရသည်။

နင်းဝမ်ကောသည် ယင်ပင်လယ် အတွင်းတွင် နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ သူမသည် နတ်တောင်သုံးတောင် ပေါ်လာခဲ့သည့် အချိန်၌ပင် အပြင်သို့ မထွက်လာခဲ့ချေ။ သို့သော်လည်း သူမသည် ယင်ပင်လယ် အတွင်းတွင် ဖြစ်ခဲ့သမျှ အရာအများစုကို သိနေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now