အပိုင်း ၁၄၅၄ : ဖန်းတုန်း သုသာန်၊ သေခြင်းနှင့် ရှင်ခြင်းတို့၏ သခင်

150 17 0
                                    

စာစဥ် ၇၅ : အပိုင်း ၄

အပိုင်း ၁၄၅၄ : ဖန်းတုန်း သုသာန်၊ သေခြင်းနှင့် ရှင်ခြင်းတို့၏ သခင်

ပို၍ပို၍ များသော စိတ်ဝိညာဥ် စွမ်းအင်များနှင့် အလင်းတန်းများသည် သေခြင်းနှင့် ရှင်ခြင်း သံသရာ အတွင်းသို့ ဝင်လာကြရာ သူဖန်ဆင်းထားသော ဝဲကတော့ကလည်း အလယ်ဗဟိုထံသို့ စတင်၍ လည်ပတ်လာသည်။

ဝဲကတော့ အလယ်မှ အလင်းတန်းသည် မည်းမှောင်နေဆဲ ရှိသေးသော်လည်း စွမ်းအားများဖြင့် ပြည့်နှက်နေကာ ပိုမို လျှို့ဝှက်ဆန်းကြယ်၍ ကျယ်ပြန့်လာသည်။

အလင်းတန်း ထိတွေ့သော နေရာတိုင်းတွင် သက်ရှိများ အားလုံးသည် ထာဝရ သေမင်း အတွင်းသို့ ကျရောက်သွားသကဲ့သို့ ချက်ချင်း ရပ်တန့်သွားခဲ့ကြသည်။

အတွင်းတွင် တစ်ယောက်သည် သန်မာသော အသက်စွမ်းအင်ကို ခံစားနေရပြီး အတူတကွပင် သူတို့သည် အဆက်မပြတ် လည်ပတ်နေသော သေခြင်းနှင့် ရှင်ခြင်းတို့၏ ထာဝရ စက်ဝန်းကိုကို ဖန်ဆင်းနေခဲ့၍ သူ၏ စွမ်းအားများသည် ဖော်ပြ၍ မရနိုင်အောင် ထူးခြား ဆန်းကြယ်လှပေသည်။

သူ့အတွင်းမှ စွမ်းအားများသည် သေမင်းဧကရာဇ်၏ သေခြင်းနှင့် ရှင်ခြင်း ငရဲကမ္ဘာ တာအိုသစ်သီးနှင့် လုံးဝ မတူနေပဲ သေခြင်းနှင့် ရှင်ခြင်း စာအုပ်နှင့်လည်း ကွဲပြားနေသည်။

သူသည် ပိုမို ကြီးမား၍ သန်မာကာ ပြီးပြည့်စုံနေသကဲ့သို့ ထင်နေရသည်။

ရှီထျန်းဟောင်သည် ထိုအရာအား တွေ့ခဲ့လိုက်သော အခါ ပြုံးလိုက်၍ သူ၏ လက်ဝါးအစုံအား ဖွင့်လိုက်ရာ သူ့လက်ဝါး အလယ်တွင် အစောပိုင်းမှ ခတ်နှိပ်ထားသော မှော်သင်္ကေတများက စတင်၍ လင်းလက်လာခဲ့သည်။

အဖြူနှင့် အနက်ရောင် ဝဲကတော့အား ဦးတည်၍ သူ၏လက်အား ဆန့်တန်းလိုက်ရာ မှော်သင်္ကေတ အပေါ်မှ အလင်းတန်း တစ်တန်း ထွက်ပေါ်လာ၍ ထိုဝဲကတော့၏ အလယ်သို့ ကျရောက်သွားသည်။

ဤအချိန်တွင် သေခြင်းနှင့် ရှင်ခြင်း သံသရာ တစ်ခုလုံးက တုန်ခါသွား၍ ဝဲကတော့ ထံမှ အလင်းတန်းသည် ပိုမို လေးလံလာ၍ ရှီထျန်းဟောင်၏ လက်ဝါးပေါ်မှ မှော်သင်္ကေတနှင့် ဆက်စပ်နေသကဲ့သို့ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ