အပိုင်း ၁၄၄၈ : စဥ်းလဲသည့် မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း

172 22 0
                                    

စာစဥ် ၇၄ : အပိုင်း ၁၈

အပိုင်း ၁၄၄၈ : စဥ်းလဲသည့် မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း

ထီးအောက်မှ ယန်ချင်သည် ရုတ်တရက် ထရပ်လိုက်ကာ သူ့ဘေးမှ ကျားဖြူ မဟာပဏ္ဍိတကလည်း တောက်လောင်နေသော မျက်လုံးများဖြင့် ထရပ်လိုက်ကာ အတူတကွ လင်းတောက်ဟန်အား ကြည့်လိုက်သည်။

သူတို့အားလုံးသည် လင်းတောက်ဟန်၏ ခေါင်းပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော အဆောင်လက်ဖွဲ့အား ကြည့်နေကြခြင်း ဖြစ်သည်။

ထိုအဆောင်လက်ဖွဲ့သည် အလွန်အမင်း ကြည်လင်ကာ လူတိုင်းက ကောင်းစွာ မြင်နိုင်ကြသည်။ သူ့အတွင်းတွင် ကွယ်ဝှက်ထားသော လျှို့ဝှက်ချက် မရှိပဲ လူတိုင်းက သူ့အား နားလည်၍ စောင့်ကြည့်နိုင်သကဲ့သို့ ဖြစ်သည်။

သို့သော်လည်း သူမှနေ၍ အနက်ရောင် ခက်ခဲသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေသည်။ မမြင်ရပဲ လျှို့ဝှက်ဆန်းကြယ်ကာ အမည်မရှိပဲ ဖော်ပြ၍ မရနိုင်သဖြင့် အားလုံးတို့သည် သူတို့၏ ခေါင်းအတွင်းတွင် ရှုပ်ထွေးလာသကဲ့သို့ ခံစားလာခဲ့ရသည်။

အရှိန်အဝါ နှစ်မျိုးတို့သည် အချင်းချင်း လုံးဝ ဆန့်ကျင်နေသော်လည်း ဖြည်းဖြည်းချင်း အတူတကွ ပေါင်းစည်းလာကြသည်။ သူတို့နှစ်ခု အကြားမှ ခြားထားသော မျဥ်းကြောင်းသည် သိသာနေ၍ ဆန့်ကျင်ဘက်များ ဖြစ်နေကြသော်လည်း အချင်းချင်း ထောက်ပံ့နေကြကာ အတူတကွ ပေါင်းစည်းလာကြသည်။

အရှိန်အဝါ နှစ်မျိုးတို့၏ ပေါင်းစည်းခြင်းမှ နေ၍ အဆောင်လက်ဖွဲ့အား ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် နားလည်ရန် လွယ်ကူနေသော်လည်း တစ်ချိန်တည်းတွင် သူသည် အလွန်အမင်းပင် လျှို့ဝှက်ဆန်းကြယ်၍ သဘောပေါက်ရန် ခက်ခဲနေသည်။

ထိုအဆောင်လက်ဖွဲ့အား အသေအချာ ကြည့်လိုက်လျှင် 'ရီ'ဟူသော စကားလုံးပုံစံ ဖန်ဆင်းထားခြင်း ဖြစ်သည်။

ထိုစကားလုံးထံမှ ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်းများ မရှိနေပဲ ခံစားချက်များ အားလုံး ကင်းမဲ့နေ၍ အရာအားလုံးကို နားလည် သဘောပေါက်ရန် ကြိုးစားနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now