၁၂၂၇-၁၂၂၈

227 19 0
                                    

စာစဥ် ၆၃ : အပိုင်း ၁၇

အပိုင်း ၁၂၂၇ : နတ်ဗိုလ်ချုပ် ၁၂ပါး

ရှီထျန်းဟောင်၏ ခြေလှမ်းများသည် အလွန်အမင်းကို လေးလံလာ၍ ခြေတစ်လှမ်းတိုင်းသည် အလွန်အမင်းကို ခက်ခဲသည်ဟု ထင်နေရသည်။

သူသည် ရှေ့သို့ ဆက်လျှောက်လာရင်း ဧရာမ ပုံရိပ် ၁၂ခုတို့သည် သူ၏ ခေါင်းပေါ်မှနေ၍ ရှီးလင်မြို့ဘက်သို့ ရှေ့တိုးလာကြသည်။

ကြီးမားသော ပုံရိပ် ၁၂ခုအား အလယ်တွင်ထားကာ ဧရာမ ရောင်ခြည်တော် စက်ဝန်းတစ်ခုက နေရာအနှံ့ ကျယ်ပြန့်သွားသည်။ စကြာဝဠာ အတွင်း၌လည်း မှော်သင်္ကေတ အမြောက်အမြား စတင်၍ ပျံ့နှံ့လာကြသည်။

ကောင်းကင်အား ဖိနှိပ်ထားသော စွမ်းအား သဘောတရားများက ပေါ်လာ၍ ရှီထျန်းဟောင်နှင့် ထိုဧရာမ ပုံရိပ်များကို အလယ်တွင်ထားကာ နေရာအနှံ့သို့ ပျံ့လွင့်သွားကြလေသည်။

ထိုစွမ်းအား သဘောတရားနှင့် ရှီးလင်မြို့အား ဖျက်ဆီးနေသည့် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှု စွမ်းအားများနှင့် တိုက်ခိုက်ခဲ့ကြသော အခါ ဧရာမ လှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ရှီထျန်းဟောင်၏ ခြေလှမ်းများကလည်း ပို၍ နှေးကွေးလာခဲ့သည်။

ရှီးလင်မြို့၏ အပေါ်မှ ဖိအားများသည် ဤအခိုက်အတန့်တွင် အနည်းငယ် လျော့နည်းသွားကာ ရှီကျုံးထန်းနှင့် ကျန်သောသူများက သူတို့အနားမှ အဖြစ်များကို အကဲခတ်ရန် အာရုံအနည်းငယ် ခွဲဝေနိုင်ခဲ့ကြသည်။

မဟာချင် အင်ပါယာမှ ကျင့်ကြံသူများသည် စစ်ကူများက ရှီထျန်းဟောင် တစ်ယောက်တည်းသာ ဖြစ်သည်ကို တွေ့လိုက်ရသော အခါ မယုံနိုင်အောင် တုန်လှုပ်သွားကြ၏။

သူတို့သည် ရှီထျန်းဟောင်အား ဖိတ်ခေါ်ခဲ့သူများ ဖြစ်ကြပြီး ရှီထျန်းဟောင်၏ စွမ်းအားများသည် သာမန် အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများထက် များစွာသာလွန်သည်ကို သိနေကြသော်လည်း သူတို့သည် အစက ယဥ်ကျေးမှု ထုံးစံများ အရသာ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဘာပဲပြောပြော ရှီထျန်းဟောင်သည် အလွန်အမင်း ကြီးမားသော စွမ်းအားများကို ထုတ်ဖော်ပြသခဲ့သော်လည်း လက်ရှိ အကျပ်အတည်းများကို ရင်ဆိုင်နိုင်ရန် သူ၏ စွမ်းအားများသည် မလုံလောက်သေးပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Onde histórias criam vida. Descubra agora