၁၃၅၁-၁၃၅၂

219 19 0
                                    

စာစဥ် ၇၀ : အပိုင်း ၁

အပိုင်း ၁၃၅၁ : မမျှော်လင့်ထားသော အခြေအနေ တစ်ခု

ရှီထျန်းဟောင်သည် ဟီဂန် ရွှေရောင်တံတား အပေါ်တွင် ရပ်နေကာ အင်မော်တယ် နဂါးမြို့တော်အား စိုက်ကြည့်နေရင်း သူ၏ မျက်လုံးများသည် နတ်ဘုရား အလင်းတန်း အမြောက်အမြားတို့ဖြင့် လင်းလက်လာသည်။

သူ၏ ခန္ဓာကိုယ်သည် ရုပ်ကိုယ်ခန္ဓာ အသွေးအသားနှင့် အင်မော်တယ် ဝိညာဥ်ကိုယ်ပွားဖြစ်သော ကမ္ဘာဦး ထိုက်ကျိရုပ်ပုံတို့ အကြားတွင် ပြောင်းလဲနေသည်။

သူသည် အသက်စွမ်းအင်များ၊ ဖန်ဆင်းမှု အားလုံးတို့၏ စွမ်းအားများဖြင့် ပြည့်ဝနေ၍ ထိုစွမ်းအားများသည် ကမ္ဘာဦး ကာလအစမှ အရာအားလုံးတို့ မသေမချာ မရေမရာ ဖြစ်နေသကဲ့သို့ ယှက်သန်းနေသော်လည်း သီးသန့်ဖြစ်နေ၍ လေထုအတွင်းတွင် အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။

ထိုစွမ်းအား နှစ်မျိုးတို့သည် တစ်ချိန်တွင် ပြီးပြည့်စုံစွာ ပေါင်းစည်းသွား၍ မျှခြေ ညီသွားကြသော်လည်း ခဏအကြာတွင် သိသာကွဲပြားစွာဖြင့် သီးသန့် ဖြစ်သွားကြသည်။

ရှီထျန်းဟောင်သည် အင်မော်တယ် နဂါးမြို့တော်အား စိုက်ကြည့်နေသည့် အချိန်တွင် ထိုအင်အားစု နှစ်မျိုးတို့သည် တစ်မျိုးနှင့် တစ်မျိုးအကြားတွင် ပြောင်းလဲနေခဲ့သည်။ သူ၏ မျက်လုံးများ အတွင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးမှုများနှင့် သဘောပေါက်မှုများ ပေါ်လာခဲ့ကာ သူ၏ အကြည့်သည့် တဖြည်းဖြည်းနှင့် ပို၍ တောက်ပ ကြည်လင်လာခဲ့သည်။

သူ၏ခေါင်းပေါ်တွင် ကောင်းကင်ပေါ်မှ မြို့တော်သည် လင်းလက်နေကာ ကျယ်ပြန့်လှသော မြို့တော်သည် ကမ္ဘာကြီးအား ဖုံးလွှမ်းသွား၍ စတင်၍ ပြောင်းလဲလာခဲ့သည်။ နတ်ဗိုလ်ချုပ် ၁၂ပါးတို့၏ ပုံစံပေါ်လာကာ သူတို့အနားမှ ဟင်းလင်းပြင် တစ်ခုလုံးအား တုန်ခါစေခဲ့သည်။

ကောင်းကင်ပေါ်မှ မြို့တော်၏ ရုပ်ပုံစံနှင့် နတ်ဗိုလ်ချုပ် ၁၂ပါးတို့၏ စိတ်ဝိညာဥ် ပုံစံတို့သည် အချင်းချင်း အကြား၌ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)حيث تعيش القصص. اكتشف الآن