အပိုင်း ၁၁၆၃-၁၁၆၄

288 24 0
                                    

စာစဥ် ၆၀ : အပိုင်း ၁၃

အပိုင်း ၁၁၆၃ : လေဟာနယ်ကို ဖြတ်ကျော်၍ တိုက်ခိုက်ခြင်း

လင်းဖုန်း၏ မိုးကြိုးနဂါး ကိုယ်ပွားသည် ဟင်းလင်းပြင် အတွင်းမှ စိတ်ဝိညာဥ် ယဇ်ပလ္လင်၏ ဝေဝါးနေသော ပုံရိပ်ကို အာရုံစိုက်ထားလိုက်သည်။ သူ့အတွင်းမှ မိစ္ဆာစွမ်းအားများသည် ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်အား ဆူနာမီ လှိုင်းလုံးတစ်ခုပမာ ရိုက်ခတ်နေကြသည်။

လင်းဖုန်းသည် ထိုစိတ်ဝိညာဥ် ယဇ်ပလ္လင်အား အလောတကြီးဖြင့် ထိတွေ့ခြင်း မပြုခဲ့ပေ။ သူ၏ကိုယ်ပိုင် မိစ္ဆာစွမ်းအားများကိုလည်း ခရမ်းရောင် အလင်းတန်း တစ်လွှာဖြင့် ဖုံးလွှမ်းထားသည်။

ထိုစွမ်းအားများသည် စိတ်ဝိညာဥ် ယဇ်ပလ္လင်နှင့် အရိုးတို့ထက် ပို၍ တည်ငြိမ်သော်လည်း ထူးခြားဆန်းကြယ်၍ ကြီးစိုးလွှမ်းမိုးနိုင်စွမ်း ရှိသည်။ သူတို့သည် အရင်းအမြစ် တစ်ခုတည်းမှ လာခဲ့သကဲ့သို့ ဖြစ်၏။

ဤအရာသည် ကောင်းကင်နှင့် မြေကြီးတို့ အကြားမှ စိတ်ဝိညာဥ် စွမ်းအင်များသည် စိတ်ဝိညာဥ် ယဇ်ပလ္လင်၏ စုပ်ယူခြင်းကို မခံရခင် ဆွဲဆောင်၍ အထိန်းချုပ် ခံနေရသကဲ့သို့ ဖြစ်သည်။

ထိုနည်းလမ်းဖြင့် လင်းဖုန်း၏ မိုးကြိုးနဂါး ကိုယ်ပွားသည် ထိုယဇ်ပလ္လင်၏ ပြင်းထန်စွာ ခုခံခြင်း မခံရပဲ သူ့အနားသို့ အနီးကပ်နိုင်ရန် လွယ်ကူစေသည်။

လင်းဖုန်း၏ မိစ္ဆာစွမ်းအားများသည် ခရမ်းရောင် အလင်းတန်းများ အနောက်သို့ လိုက်လာ၍ ထိုစိတ်ဝိညာဥ် ယဇ်ပလ္လင်အနားသို့ ဖြည်းဖြည်းချင်း ရောက်လာသည်။

ထိုအခမ်းအနားသည် အမတန်မှ ကြီးကျယ်နေပုံ ပေါက်နေသော်လည်း လင်းဖုန်းသည် ပို၍ သဘောပေါက်လာခဲ့သည်။ သူ့အတွင်းမှ မိစ္ဆာစွမ်းအားများ၏ ပြောင်းလဲမှုသည် အသေးစိတ်လှကာ သူကလည်း မအံ့ဩပဲ မနေနိုင်ခဲ့ပေ။

မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့ ပုံစံများသည် အတူတကွ စုစည်းနေကာ အုပ်စုများ အဖြစ်သို့ ဖွဲ့စည်းသွား၍ လင်းလက်သော မြင်ကွင်းတစ်ခုကို ဖော်ပြနေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Donde viven las historias. Descúbrelo ahora