အပိုင်း ၁၄၅၂ : နိုးထလာသော ရှေးဟောင်းမိစ္ဆာ နှလုံးသား တံဆိပ်

184 19 0
                                    

စာစဥ် ၇၅ : အပိုင်း ၂

အပိုင်း ၁၄၅၂ : နိုးထလာသော ရှေးဟောင်းမိစ္ဆာ နှလုံးသား တံဆိပ်

ဝမ်လင်း၏ ခေါင်းပေါ်မှ အလင်းတန်း ဘောလုံးထံမှ လူသားပုံရိပ် တစ်ခုသည် ပို၍ပို၍ နီးကပ်လာ၍ ဖြည်းဖြည်းချင်း အကောင်အထည် ပေါ်လာခဲ့ကာ သူသည် လူသားအစစ် တစ်ယောက်နှင့် တူနေသည်။

ထိုသူသည် အလင်းတန်း ဘောလုံးထံမှ ထွက်ခွာလာ၍ သေမင်းဧကရာဇ်သည် သူ့အား တွေ့လိုက်ရသော အခါ သူ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွား၍ ပုံမှန်ဆိုလျှင် တည်ငြိမ်နေသည့် သူ၏ မျက်နှာ အပေါ်တွင် ရှားရှားပါးပါး ဒေါသ အရိပ်အယောင်များ ပေါ်လာခဲ့သည်။

သူ့အရှေ့မှ ပုဂ္ဂိုလ်သည် စုတ်ပြတ် ညှိုးခြောက်နေ၍ လျှော်ကြမ်းဖြင့် ယက်လုပ်ထားသော အညိုရောင် ဝတ်စုံများကို ဝတ်ဆင်ထားသော်လည်း သူ၏ မျက်နှာပေါ်တွင် မာနကြီး၍ ကြောက်ရွံ့မှု ကင်းမဲ့နေသော အမူအရာများကို တွေ့နိုင်သည်။ သူသည် အတိတ်မှ ခရီးထွက်လာခဲ့၍ လူသားကမ္ဘာသို့ ပြန်ရောက်လာသည်နှင့် တူနေသည်။

သေမင်းဧကရာဇ်သည် စကား တစ်လုံးချင်းစီအား ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဝမ် ချီ ယန်"

ထိုသူသည် ဝမ်ချီယန် အစစ်မဟုတ်ပဲ ဝမ်လင်း၏ မှော်ကျိန်စာမှ ဖန်ဆင်းထားခြင်း ဖြစ်မှန်းကို သိနေသော်လည်း သေမင်းဧကရာဇ်၏ ရင်သည် တုန်ခါသွားခဲ့သေးသည်။

နှစ်ပေါင်းများစွာ အပြီးတွင် သေမင်းဧကရာဇ်သည် ယနေ့တွင် ရှေးအကျဆုံး ထိပ်တန်း ကျင့်ကြံသူ ဖြစ်နေခဲ့ကာ အဖြစ်အပျက် မျိုးစုံတို့ကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

သူသည် အစွမ်းထက်သော ရန်သူများစွာတို့အား ကြုံတွေ့ဖူးပြီး အချို့သည် လင်းဖုန်းကဲ့သို့ပင် သူ့အား အနိုင်ယူနိုင်စွမ်း ရှိသည်။

သို့သော်လည်း သူ၏ ရင်အတွင်းမှနေ၍ သေမင်းဧကရာဇ်သည် သူအကြောက်ဆုံးသော ရန်သူသည် အခြား ဧကရာဇ် သုံးပါးတို့အား လွှမ်းမိုးထားနိုင်သော အစွမ်းရှိသည့် ဝမ်ချီယန်သာ ဖြစ်မှန်းကို သိနေခဲ့သည်။

အခြားသူများ မသိကြသော်လည်း သေမင်းဧကရာဇ်က ဝမ်ချီယန်သည် ဧကရာဇ် သုံးပါးသာ မကပဲ သူကိုယ်တိုင် အပါအဝင် ဧကရာဇ် လေးပါးတို့အား လွှမ်းမိုးထားနိုင်မှန်းကို ကောင်းစွာ သိနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ