စာစဥ် ၆၃ : အပိုင်း ၅
အပိုင်း ၁၂၁၅ : မင်းက ဘယ်သူ့ကို သတ်မယ်လို့ ပြောတာလဲ
ချူးယန်၏ အင်မော်တယ် ဝိညာဥ်ကိုယ်ပွားသည် ဟင်းလင်းပြင် အတွင်း၌ ကျယ်ပြန့်လာ၍ ရွှေရောင် ရှေးဟောင်းဓားသည် တစ်ဝီဝီ မြည်လာပြီး စီးဆင်းနေသော အလင်းတန်း ကိုးတန်းအဖြစ်သို့ ပြောင်းသွားသည်။
ထိုဓားအလင်းတန်း ကိုးတန်းတို့သည် ကောင်းကင် အပေါ်တွင် လင်းလက်နေသော မြစ်များအဖြစ် တောက်ပနေကြကာ ချန်းမင် ဓားမာစတာအပေါ်သို့ ကျရောက်သွားကြသည်။ လင်းလက်နေသော အလင်းတန်းများ အကြားတွင် ကောင်းကင်နှင့် မြေကြီးတို့၏ သဘာဝ ဥပဒေသများကို ဖော်ပြနေခဲ့သည်။
မြောက်မြားလှစွာသော ကြောက်မက်ဖွယ်ရာ မြင်ကွင်း အမျိုးမျိုးတို့သည် ကောင်းကင်မြစ်အတွင်း၌ ပေါ်လာကြသည်။ အချို့မှာ မြစ်မျက်နှာပြင်မှ ပျံသန်း ထွက်လာသော နေမင်းတစ်စင်းနှင့် တူနေကာ အချို့မှာ အရိပ်များစွာတို့ ဖြစ်ကြပြီး အချို့မှာ ဧရာမ ဆေးမီးဖို တစ်လုံးနှင့် တူနေသည်။
ကောင်းကင်အတွင်းမှ မြစ်ကိုးစင်းတို့သည် ဖြစ်တည်မှု တစ်ခုတည်း အဖြစ်သို့ ချက်ချင်း ပြောင်းသွားကြကာ ကမ္ဘာအတွင်းမှ သဘောတရား အားလုံးတို့သည် လမ်းကြောင်းတစ်ခုတည်း ဖြစ်သွားသည်ဟု ထင်နေရ၏။ တောက်ပလှသော ကောင်းကင်မြစ်မှ ရေပြင်၏ ရောင်ပြန်ဟပ်မှုနှင့် ဓားအလင်းတန်း၏ တောက်ပမှုကဲ့သို့ အလင်းတန်းများ ထွက်နေသည်။
ချန်းမင် ဓားမာစတာအား ဂရုစိုက်စေခဲသည့် အချက်မှာ ကောင်းကင်မြစ် အတွင်း၌ သွေးရောင်ဖျော့ဖျော့ အရောင်များ လင်းလက်နေသကဲ့သို့ အဖြူရောင် တိမ်တိုက်များကလည်း လည်ပတ်နေခြင်း ဖြစ်သည်။
ထိုအဖြူရောင် တိမ်တိုက်များသည် စူတောင်ဓားဂိုဏ်း၏ သူတော်စင် ကောင်းကင်ဓားချီနှင့် အနည်းငယ် ဆင်တူနေသည်။
လော်ချင်းဝူနှင့် ကျူးကော်ကျန်းတို့သည် ချန်းမင် ဓားမာစတာထံသို့ တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ကြသည်။ သူတော်စင် ကောင်းကင် ကမ္ဘာဦးဓား ဝင်္ကပါ၏ အပြင်မှ ထျန်းကန်း ဓားမာစတာ၏ တိုက်ခိုက်မှုများကလည်း ပို၍ ပြင်းထန်လာသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...