အပိုင်း ၁၄၂၉ : အစွမ်းအထက်ဆုံး မှော်ရတနာ နှစ်ခုတို့သည် လူတစ်ဦးတည်း၏ ....

188 19 0
                                    

စာစဥ် ၇၃ : အပိုင်း ၁၉

အပိုင်း ၁၄၂၉ : အစွမ်းအထက်ဆုံး မှော်ရတနာ နှစ်ခုတို့သည် လူတစ်ဦးတည်း၏ လက်အတွင်းတွင် ရှိနေခဲ့သည်

ပြိုကျခြင်း စာအုပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် အားလုံးတို့၏ ရင်ခုန်သံများ မှားသွားကြသည်။ သူမှနေ၍ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အရှိန်အဝါ တစ်ခုအား ထုတ်လွှတ်နေ၍ အန္တိမ ကောင်းကင်ကြေးမုံမှ ရောင်ပြန်ဟပ်ထားသော အလင်းတန်းများသည် ချက်ခြင်း မှေးမှိန်သွားကြသည်။

ဝိညာဥ်ပင်လယ် လောက အတွင်းတွင် အဆက်မပြတ် တုန်ခါနေသော မဟာလမ်းစဥ်မှ အလင်းတန်းများသည် ပြောက်တိပြောက်ကျား ဖြစ်သွားကြသည်။

အားလုံးတို့၏ ခြေအောက်မှ ဧရာမ ရွှေရောင် ရေအိုင်သည် ရုတ်တရက်ပင် ထကြွ လှုပ်ရှားလာကာ လှိုင်းဂယက်များ ထလာကြသည်။ မူလ ရွှေခွက်နှင့် ရွှေရောင် ရေအိုင်တို့အား ဆက်သွယ်ထားသော အလင်းတန်း ကွန်ယက်ကလည်း စတင်၍ တုန်ခါလာခဲ့သည်။

လင်းဖုန်း၏ စွမ်းအားများဖြင့် ကောင်းကင်နှင့် မြေကြီးတို့၏ မဟာလမ်းစဥ်မှ ဖန်ဆင်းထားသော အလင်းတန်းများသည် ကြမ္မာပန်းတိုင် ခေါင်းလောင်းမှ ဖန်တီးထားသော ပြိုကျခြင်း စာအုပ်နှင့် ဆက်သွယ်သွားကာ ဖန်ဆင်းခြင်း၊ ရှင်ခြင်းနှင့် သေခြင်းတို့၏ အဆုံးမဲ့ လျှို့ဝှက် ဆန်းကြယ်မှုများကို တစ်ပြိုင်နက် ဖော်ပြနေကြသည့် စက်ဝိုင်း တစ်ခုကို ထူးခြားစွာဖြင့် ဖန်ဆင်းနိုင်ခဲ့သည်။

ဤမြင်ကွင်းအား မြင်ခဲ့ရသော အခါ အားလုံးတို့၏ ရင်များက အနည်းငယ် လေးလံသွားကြသည်။ "ဒါက ကောင်းကင် ဖျက်ဆီးဓားနဲ့ အနည်းငယ် ကွဲပြားနေတယ်…"

အကြံတစ်ခု ရခဲ့သည့်ပုံဖြင့် ပြိုကျခြင်း စာအုပ်အား ကိုင်ဆောင်ထားသော ကြမ္မာပန်းတိုင် ကောင်လေးသည် အပြုံး ဖွဖွလေးဖြင့် စာရွက်များကို စတင်၍ လှန်လိုက်သည်။

ချက်ချင်း ဆိုသလိုပင် ဝေဝါးကာ ရှုပ်ထွေးလှသော လေတစ်သုတ်သည် စာအုပ်အတွင်းမှ ထွက်လာကာ အန္တိမ ကောင်းကင်ကြေးမုံထံသို့ တိုက်ခိုက်လာလေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now