အပိုင်း ၁၁၈၅-၁၁၈၆

276 18 0
                                    

စာစဥ် ၆၁ : အပိုင်း ၁၅

အပိုင်း ၁၁၈၅ : ဘယ်တုံးကမှ အားနည်းသော အမျိုးသမီး မဟုတ်ခဲ့ပေ

အဝါရောင် နဂါးမျိုးနွယ်စုသည် သူတို့၏ အားကောင်းသော မိစ္ဆာစွမ်းအားများနှင့် သန်မာသော ရုပ်ကိုယ်ခန္ဓာ စွမ်းအင်များကြောင့် ကျင့်ကြံမှု အဆင့်တူသော မိစ္ဆာမျိုးနွယ်စုများ အကြားတွင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။

ယခုအချိန်တွင် ပေါင်းစည်းကြယ်စင် ဝိညာဥ်အဆင့်တွင် ရှိနေသော ဟုန်နင် နဂါးဘုရင်သည် သူ၏ အစစ်အမှန် ပုံစံကို ထုတ်ဖော်ပြသခဲ့သဖြင့် သူ၏ အစွမ်းထက်လှသော မိစ္ဆာစွမ်းအားများနှင့် ကြီးမားလှသော ရုပ်ကိုယ်ခန္ဓာ စွမ်းအားများသည် အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာ၏။

သူ၏ ပါးစပ်အား အကျယ်ကြီး ဟလိုက်ရာ သူ၏ မေးရိုးများ အကြားတွင် တောက်ပလှသော ကြယ်စင်များစွာ လင်းလက်နေသည်ကို တွေ့နေနိုင်ပြီး ဟုန်နင် နဂါးဘုရင် ကိုယ်တိုင်၏ ကြီးမားလှသည့် စွမ်းအားများကို အထောက်အပံ့ပေးနေသည်။

သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ချင်ဧကရာဇ် ရှီယုနှင့် စာလျှင် တောင်တစ်လုံးနှင့် ကျောက်စရစ်ခဲလေး တစ်လုံးတို့ကဲ့သို့ ကွာခြားပေသည်။ ဟုန်နင် နဂါးဘုရင်သည် သူ၏ လက်သည်းနှစ်ဘက်ကို ဆန့်တန်းလိုက်၍ လေဟာနယ် အချိန်ကာလအား ကွေ့ကောက်စေကာ ရှီယု၏ ရင်ဘတ်အား အလင်းတန်း နှစ်တန်းကဲ့သို့ ကုတ်ဆွဲချလိုက်သည်။

သူ၏ ရက်စက်လှသော နဂါးလက်သည်းများသည် ချက်ချင်းဆိုသလိုပင် ရှီယု၏ အင်မော်တယ် ဝိညာဥ်ဖြင့် ဖန်ဆင်းထားသော ခန္ဓာကိုယ်အား ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

မိုးပြာရောင် ကောင်းကင် နဂါးဘုရင်၏ တိုက်ခိုက်မှုများကို ကြိုးစားခုခံနေရသော ရှီယုသည် လုံးဝကို ကူရာမဲ့နေခဲ့၏။ ဟုန်နင် နဂါးဘုရင်က သူ၏ လက်သည်းများကို သူ့ခန္ဓာကိုယ် အတွင်းသို့ ထိုးဖောက်ကာ အညှာအတာ ကင်းမဲ့စွာဖြင့် ဆွဲဖြဲနေခဲ့သည်ကို ကြည့်ရုံသာ ကြည့်နိုင်ခဲ့၏။

ရှီယု၏ လူသားပုံစံ ဖြစ်သော အင်မော်တယ် ဝိညာဥ်သည် ဟုန်နင် နဂါးဘုရင်၏ လက်သည်းများဖြင့် အားသုံး၍ တစ်စစီ ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now