အပိုင်း ၁၁၇၃-၁၁၇၄

293 22 1
                                    

အပိုင်း ၁၁၇၃ : ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၏ ကြမ္မာဆိုး

နီရဲနေသော မီးတောက် အလင်းတန်းများသည် လောင်ကျွမ်းနေသော အနီရောင်နဂါး ကျက်သရေ တိမ်တိုက်ဘောလုံး တစ်ခုအဖြစ်သို့ သိပ်သည်းသွား၏။

ကျက်သရေ တိမ်တိုက်များကို ထုတ်လွှတ်လိုက်သော အခါ သူတို့သည် ကောင်းကင်ကို ပျံ့နှံ့သွားသော မီးတောက်ပင်လယ် တစ်ခုအဖြစ်သို့ လောင်ကျွမ်းသွားကာ အပြာရောင်ခန်းမ သူတော်စင်နှင့် ရှီကျုံးယွဲ့တို့အား တားဆီးလိုက်သည်။

မီးတောက်ပင်လယ် အတွင်းတွင် ရှည်လျားသော အနီရောင် နဂါးတစ်ကောင် ပေါ်လာကာ သူ၏ ကြောက်မက်ဖွယ်ရာ အော်ရာသည် ကောင်းကင်နှင့် မြေကြီးတို့အား တုန်ခါသွားစေသည်။ မြေကြီးက ခြောက်သွေ့သွား၍ အက်ကွဲကြောင်းများ ပေါ်လာပြီး မီးတောက်များက ကခုန်နေကြသည်။

သူတို့၏ အရှေ့မှ ရန်သူကို မှတ်မိလိုက်ကြသဖြင့် အပြာရောင်ခန်းမ သူတော်စင်နှင့် ရှီကျုံးယွဲ့တို့ နှစ်ယောက်စလုံး၏ ရင်များက လေးလံသွားကြသည်။ သူသည် မီးတောက်နဂါးတို့၏ ခေါင်းဆောင်ဖြစ်သော လောင်ကျွမ်းနေသော မီးတောက်နဂါးဘုရင် ဖြစ်သည်။

လောင်ကျွမ်းနေသော မီးတောက်နဂါး ဘုရင်သည် ရှီယုနှင့် အင်မော်တယ် နဂါးမြို့တော်တို့၏ ပြိုင်ဘက်မဟုတ်ပေ။ သို့သော်လည်း သူသည် အပြာရောင်ခန်းမ သူတော်စင်နှင့် ရှီကျုံးယွဲ့တို့ ခုခံရန် မလွယ်ကူသော ပြိုင်ဘက်တစ်ယောက် ဖြစ်နေသည်။

ရှီကျုံးယွဲ့သည် မျက်နှာပျက်နေခဲ့ပြီး လုံးဝ မတွေဝေနေတော့ပေ။ ပုန်းကွယ်နေသော နဂါးချောက်ကို မြှောက်လိုက်ရာ ချောက်၏ အရွယ်အစားသည် မူလက ရေနွေးအိုး အရွယ်အစားမှ ပေ၁၀၀အထိ မြင့်မားသွား၏။

ချောက်၏ နှုတ်ခမ်းမှနေ၍ ရွှေရောင် အလင်းတန်းများ ထွက်လာ၍ ကောင်းကင်နှင့် မြေကြီးတို့၏ အနားတွင် လည်ပတ်နေသော ဧရာမ အလင်းတန်း နဂါးများ အဖြစ်သို့ ပြောင်းသွားကြသည်။

ရှီကျုံးယွဲ့ ကိုယ်တိုင်က ပေသုံးဆယ် မြင့်မား၍ ခေါင်းတွင် သရဖူတစ်ခု ဆောင်းထားသော ဘီလူးကြီး တစ်ကောင်အဖြစ်သို့ ပြောင်းသွားသည်။ ထိုဘီလူးကြီး၏ အော်ရာသည် အမတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှကာ နီရဲနေသော စိတ်ဝိညာဥ် ဝတ်စုံအား ဝတ်ဆင်ထား၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ